Exo အဖွဲ့ဝင် ချန်း၊ ဘက်ဟွန်းနှင့် ရှူမင်းတို့က အမြတ်ငွေခွဲဝေမှုနှင့်ပတ်သက်၍ SM Entertainment ကို တရားစွဲဆိုရန် စီစဉ်နေ

Exo အဖွဲ့ဝင် ချန်း၊ ဘက်ဟွန်းနှင့် ရှူမင်းတို့က အမြတ်ငွေခွဲဝေမှုနှင့်ပတ်သက်၍ SM Entertainment ကို တရားစွဲဆိုရန် စီစဉ်နေ
Published 15 June 2024

Exo အဖွဲ့ဝင် ချန်း၊ ဘက်ဟွန်းနှင့်ရှူ မင်းတို့က တရားမျှတမှုမရှိသော အမြတ်ငွေခွဲဝေမှုနှင့်ပတ်သက်၍ SM Entertainment ကို တရားစွဲဆိုရန် စီစဉ်နေသည်ဟု ထုတ်ပြန်ကြေညာခဲ့သည်။

တစ်ဦးချင်းစီ အနုပညာလှုပ်ရှားမှုများအတွက် ဘက်ဟွန်း၏ label အသစ်ဖြစ်သော INB100 နှင့် လတ်တလောလက်မှတ်ရေး ထိုးခဲ့ကြသည့် EXO အဖွဲ့ဝင်သုံးဦးက ယခုသီတင်းပတ်အစောပိုင်းတွင် သတင်းစာရှင်းလင်းပွဲတစ်ရပ် ပြုလုပ်ခဲ့သည်။

ယင်းသတင်းစာရှင်းလင်းပွဲ၌ ၎င်းတို့က SM Entertainment သည် INB100 အတွက်  ၅ ဒသမ ၅ ရာခိုင်နှုန်း တေးဂီတအမြတ်ငွေခွဲဝေပေးရန် ကတိကဝတ်ကို လိုက်နာခြင်းမရှိခဲ့ကြောင်း ပြောကြားခဲ့သည်။

SM Entertainment သည် ၎င်းတို့၏ တစ်ဦးချင်းလှုပ်ရှားမှုများမှ ရရှိသည့်အမြတ်ငွေများ၏ ၁၀ ရာခိုင်နှုန်းကို တောင်းဆိုမှုသည် တရားမျှတမှုမရှိကြောင်းလည်း EXO အဖွဲ့ဝင် သုံးဦးက ဆိုသည်။

ယင်းပြောကြားချက်ကို တုံ့ပြန်သည့်အနေဖြင့် SM Entertainment က ချန်း၊ဘက်ဟွန်းနှင့် ရှူမင်းတို့သည် အေဂျင်စီနှင့်၎င်းတို့၏ သီးသန့်စာချုပ်များကို အချိန်မတန်မီ ရပ်ဆိုင်းခဲ့သည့်အတွက် အပြန်အလှန်အနေဖြင့်  တစ်ဦးချင်းသဘောတူညီချက် အသစ်တစ်ရပ်စီချုပ်ဆိုခဲ့ကာ ယင်းသဘောတူညီချက်တွင် ၎င်းတို့တစ်ဦးချင်း အနုပညာလှုပ်ရှားမှုများမှ  ရရှိသောဝင်ငွေ၏ ၁၀ ရာခိုင်နှုန်းကို SM သို့ ပေးရန် တောင်းဆိုခဲ့ခြင်းဖြစ်ကြောင်း SM က အခိုင်အမာ ပြောကြားခဲ့သည်။

SM Entertainment က အခကြေးငွေမည်မျှ ပေးရမည်ကို ဆုံးဖြတ်နိုင်သည့် အခွင့်အာဏာမရှိသောကြောင့် ခွဲယူမှု အခကြေးငွေတစ်ရပ်နှင့်ပတ်သက်၍ ၎င်းတို့၏နောက်ဆုံး သဘောတူညီချက်တွင် မည်သည့်စာကြွင်းအ ပိုဒ်မျှ ပါရှိခြင်းမရှိဟု အေဂျင်စီက ထုတ်ပြန်ခဲ့သည်။

 SM Entertainment  ကချန်း၊ဘက်ဟွန်း နှင့် ရှူမင်းတို့အား စာချုပ်ကိစ္စနှင့်ပတ်သက်၍ တရားစွဲဆိုသွားမည် ဟုဇွန် ၁၃ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။

ချန်း၊ ဘက်ဟွန်းနှင့် ရှူမင်းတို့ကလည်း  အမြတ်ငွေခွဲဝေမှုနှင့်ပတ်သက်၍ SM ကိုတရားစွဲဆိုသွားမည်ဟု ဇွန် ၁၄ ရက်တွင် ထုတ်ပြန်ခဲ့ပြီးနောက် ၎င်းတို့၏ ပရိသတ်များကို တောင်းပန်ခဲ့သည်။“ကျွန်တော်တို့ကိုအားပေးကြတဲ့ ပရိသတ်တွေကို စိုးရိမ်စေပြီး စိတ်ပျက်စေမိတဲ့အပေါ် လေးလေးနက်နက်တောင်းပန်ပါတယ် ”ဟု ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။

Most Read

Most Recent