ဥရောပလစာအများဆုံးကစားသမားနှင့် နည်းပြများစာရင်းတွင် PSG တိုက်စစ်မှူး ဘာပေနှင့် အက်သလက်တီကိုနည်းပြ ဆီမြွန်နီ ထိပ်ဆုံး၌ရှိနေ

ဥရောပလစာအများဆုံးကစားသမားနှင့် နည်းပြများစာရင်းတွင် PSG တိုက်စစ်မှူး ဘာပေနှင့် အက်သလက်တီကိုနည်းပြ ဆီမြွန်နီ ထိပ်ဆုံး၌ရှိနေ
Photo: X
Photo: X
Published 28 March 2024

ဥရောပလစာအများဆုံးကစားသမားနှင့် နည်းပြများစာရင်းတွင် PSG တိုက်စစ်မှူး ဘာပေနှင့် အက်သလက်တီကိုအသင်းနည်းပြ ဆီမြွန်နီတို့က ထိပ်ဆုံး၌ရှိနေကြောင်း သိရသည်။

ပြင်သစ်နေ့စဉ်ထုတ်သတင်းစာ L'Equipe က ထုတ်ပြန်သည့် ယခုစစ်တမ်းတွင် ဘာပေက ဒုတိယနေရာမှ ဟာရီကိန်းထက် သုံးဆနီးပါး ပိုများနေကြောင်း သိရသည်။

အသက်(၂၅)နှစ်အရွယ်ရှိ ဘာပေသည် ယခုရာသီကုန်တွင် PSG အသင်းနှင့် သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး ရီးယဲလ်မက်ဒရစ်သို့ ပြောင်းရွှေ့ရန် သေချာနေသည်ဟု သတင်းများက ဖော်ပြလျက်ရှိသည်။

၂၀၂၂ ခုနှစ်တွင်လည်း ဘာပေသည် PSG အသင်းနှင့် လမ်းခွဲရန်နီးစပ်ခဲ့ပြီးမှ သဘောထားပြောင်းလဲခဲ့ပြီး စာချုပ်သက်တမ်းတိုးခဲ့ခြင်းဖြစ်သည်။

ယင်းစာချုပ်အရ ဘာပေသည် ဥရောပလစာအများဆုံးကစားသမားအဖြစ်သို့ ရောက်ခဲ့ပြီး တစ်လလျှင် ယူရို (၅)သန်း(ပေါင် ၅.၁၅ သန်း)အထိ ရရှိနေသည်။

L'Equipe က ဥရောပလစာအများဆုံးကစားသမား ၂၅ ဦးစာရင်းကို ဖော်ပြခဲ့ပြီး ထိပ်ဆုံး (၁၀)ဦးစာရင်းတွင် ဘာပေ၏နောက် ဟာရီကိန်းက ပေါင်(၁.၈၀)သန်း၊ ဒီဘရိုင်းနားက ပေါင် (၁.၇၃)သန်း၊ ဟာလန်းက ပေါင်(၁.၆၃)သန်း၊ အလာဘာက ပေါင်(၁.၆၁)သန်း၊ လီဝန်ဒေါစကီးက ပေါင်(၁.၆၀)သန်း၊ ဆာလာက ပေါင်(၁.၅၂)သန်း၊ ကက်စီမီရိုက ပေါင်(၁.၅၂)သန်း၊ ဗာရန်းက ပေါင်(၁.၄၈)သန်း၊ ဗင်နီစီယပ်စ်က ပေါင်(၁.၄၃)သန်း၊ ဘယ်လင်ဟမ်က ပေါင်(၁.၄၃) သန်း၊ ဂွန်ဒိုဂန်က ပေါင်(၁.၄၃)သန်း၊ အိုဘလက်ခ်က ပေါင်(၁.၄၃)သန်းဖြင့် ရပ်တည်လျက်ရှိသည်။

ယခုစာရင်းမှာ အခြေခံလစာကို တွက်ချက်ခြင်းဖြစ်သောကြောင့် မန်စီးတီးတိုက်စစ်မှူး ဟာလန်းကဲ့သို့ ကစားသမားမျိုးမှာ စတုတ္ထနေရာအထိ ရောက်နေခြင်းဖြစ်သည်။

ဟာလန်းသည် အာမခံချက်ရှိသည့် အပိုဆုကြေးများအပါအဝင် အခြားဝင်ငွေအခွင့်အလမ်းမှ တစ်ပတ် ပေါင်(၈၅၀၀၀၀) အထိ ရရှိနေသည်ဟု Daily Mail က ဖော်ပြခဲ့ပြီး ယင်းပမာဏအရ တစ်လလျှင် ပေါင် (၃.၄)သန်းအထိ ရှိမည်ဖြစ်ကာ ယခုစာရင်းတွင် ဒုတိယနေရာ၌ ရှိနေသင့်ကြောင်းလည်း ရေးသားခဲ့သည်။

လစာအများဆုံးနည်းပြစာရင်းတွင် အက်သလက်တီကိုအသင်းနည်းပြ ဆီမြွန်နီက ပေါင်(၂.၄၂)သန်းဖြင့် ထိပ်ဆုံး၌ ရှိနေပြီး မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာက ပေါင်(၁.၆၆)သန်း၊ လီဗာပူးလ်အသင်းနည်းပြ ယာဂန်ကလော့ပ်က ပေါင်(၁.၂၅)သန်း၊ ဂျူဗင်တပ်စ်အသင်းနည်းပြ အယ်လီဂရီက ပေါင်(၉၂၀၀၀၀)၊ ချယ်လ်ဆီးအသင်းနည်းပြ ပိုချက်တီနိုက ပေါင်(၈၇၀၀၀၀)ဖြင့် အများဆုံး ရရှိနေကြသည်။

အသက် (၅၁)နှစ်အရွယ်ရှိပြီဖြစ်သူ ဆီမြွန်နီသည် ၂၀၁၁ ခုနှစ်တွင် အက်သလက်တီကိုအသင်းကို စတင်တာဝန်ယူခဲ့ခြင်းဖြစ်သည်။

Most Read

Most Recent