ဒေါ့မွန်အသင်း၏ နည်းပြသစ်လျာထားစာရင်းတွင် ဂရေဟမ်ပေါ်တာ ပါဝင်

ဒေါ့မွန်အသင်း၏ နည်းပြသစ်လျာထားစာရင်းတွင် ဂရေဟမ်ပေါ်တာ ပါဝင်
Photo: HITC Football
Photo: HITC Football
Published 1 April 2024

ဒေါ့မွန်အသင်းသည် လာမည့်နွေရာသီတွင် နည်းပြအပြောင်းအလဲပြုလုပ်ဖွယ်ရှိနေရာ ဘရိုက်တန်နှင့် ချယ်လ်ဆီးနည်းပြဟောင်း ဂရေဟမ်ပေါ်တာကို နည်းပြသစ်လျာထားစာရင်းတွင် ထည့်သွင်းထားကြောင်း သိရသည်။

ဒေါ့မွန်အသင်း၏ လက်ရှိနည်းပြ အက်ဒင်တာဇစ်သည် နွေရာသီ၌ အသင်းမှ ထွက်ခွာဖွယ်ရှိနေသည့်အတွက် ဒေါ့မွန်အသင်းက နည်းပြသစ်ခန့်အပ်ရန် စီစဉ်နေခြင်းဖြစ်ကြောင်း HITC Football က ဖော်ပြခဲ့သည်။

ဂရေဟမ်ပေါ်တာသည် ချယ်လ်ဆီးနည်းပြရာထူးမှ ထုတ်ပယ်ခံခဲ့ရသော်လည်း ထိပ်သီးကလပ်အသင်းများစွာက ၎င်းကို ခေါ်ယူရန် စိတ်ဝင်စားနေကြသည်။

 

Most Recent