ဟာရီကိန်းကျိန်စာနဲ့ ဘိုင်ယန်မြူးနစ်ရဲ့ ကံကြမ္မာ

ဟာရီကိန်းကျိန်စာနဲ့ ဘိုင်ယန်မြူးနစ်ရဲ့ ကံကြမ္မာ
Photo : AFP
Photo : AFP
Published 4 March 2024
Wai Yan Aung

ဘိုင်ယန်မြူးနစ်အသင်းက နာမည်ကျော် အင်္ဂလန်တိုက်စစ်မှူး ဟာရီကိန်းကို ယူရိုသန်း (၁၀၀) ပေးပြီး ခေါ်ယူခဲ့ပါမှ ဖလားလက်မဲ့ရာသီနဲ့ ရင်ဆိုင်ရတော့မလို ဖြစ်လာခဲ့ပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းက ဖလားတစ်ခုမဟုတ်တစ်ခု ရယူနိုင်ခဲ့တာ (၁၁)ရာသီဆက်တိုက် ရှိပါပြီ။ ၂၀၁၂-၁၃ ရာသီမှာ နည်းပြ ဟေးနက်စ်က ချန်ပီယံလိဂ်၊ ဘွန်ဒစ်လီဂါနဲ့ ဂျာမန်ဖလားတွေကို တစ်ပြိုင်နက်သိမ်းပိုက်ပြီး ဖလားသုံးလုံးအောင်ပွဲ ရယူပေးခဲ့ပြီးကတည်းက ဘွန်ဒစ်လီဂါချန်ပီယံဆုကို ဆက်တိုက်ရယူထားနိုင်တာကြောင့် ဆုဖလားတွေမပြတ် တမ်းရရှိနေခဲ့တာပါ။

 

Most Read

Most Recent