စက်သုံးဆီဈေးနှုန်းကျဆင်းလာပြီး ရန်ကုန်တွင် ၉၂ တစ်လီတာလျှင် ကျပ် ၁၅၀ ကျော်ပြန်လည်ကျဆင်း

စက်သုံးဆီဈေးနှုန်းကျဆင်းလာပြီး ရန်ကုန်တွင် ၉၂ တစ်လီတာလျှင် ကျပ် ၁၅၀ ကျော်ပြန်လည်ကျဆင်း
Published 10 May 2024

စက်သုံးဆီစျေးနှုန်းကျဆင်းလာပြီး ရန်ကုန်တွင် ၉၂ တစ်လီတာလျှင် ကျပ် ၁၅၀ ကျော် ပြန်လည်ကျဆင်းလာကြောင်း စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကော်မတီ၏ စျေးနှုန်းစာရင်းအရ သိရသည်။

မေ ၁၀ ရက်တွင် ထုတ်ပြန်လိုက်သည့် စျေးနှုန်းအရ ၉၂ တစ်လီတာလျှင် ကျပ် ၂၆၆၀၊ ၉၅ တစ်လီတာလျှင် ကျပ် ၂၇၆၅၊ ပရီမီယံဒီဇယ်တစ်လီတာလျှင် ကျပ် ၂၃၇၀၊ ရိုးရိုးဒီဇယ်တစ်လီတာလျှင် ကျပ် ၂၃၂၅ သို့ ပြန်လည်ကျဆင်းလာသည်ကို တွေ့ရသည်။

ကာလအတန်ကြာအမြင့်စျေးတွင်ရှိနေသည့် စက်သုံးဆီစျေးမှာ မေ ၁၀ ရက်တွင် ပြန်လည်ကျဆင်းလာခြင်းလည်းဖြစ်သည်။

မေ ၉ ရက်တွင် စျေးကွက်အတွင်း ရောင်းချခဲ့သည့် စက်သုံးဆီစျေးနှုန်းမှာ ၉၂ တစ်လီတာလျှင် ကျပ် ၂၈၃၅၊ ၉၅ တစ်လီတာလျှင် ကျပ် ၂၉၄၅၊ ပရီမီယံဒီဇယ်တစ်လီတာလျှင် ကျပ် ၂၄၅၀၊ ရိုးရိုးဒီဇယ်တစ်လီတာလျှင် ကျပ် ၂၄၀၀ ဖြစ်သည်။

ယင်းကြောင့် ၉၂ တစ်လီတာလျှင် ၁၇၅ ကျပ်၊ ၉၅ တစ်လီတာလျှင် ကျပ် ၁၈၀၊ ရိုးရိုးဒီဇယ်တစ်လီတာလျှင် ၇၅ ကျပ်၊ ပရီမီယံဒီဇယ်တစ်လီတာလျှင် ကျပ် ၈၀ အထိ ကျဆင်းခဲ့ခြင်းဖြစ်သည်။

စက်သုံးဆီစျေးမှာ မတ် ၂၂ ရက်မှစတင်ပြီး ကျပ် ၂၈၀၀ နီးပါးသို့ ရောက်ရှိခဲ့ပြီး ယင်းနောက်ပိုင်းတွင်လည်း စျေးနှုန်းများ ထပ်မံမြင့်တက်ခဲ့သည်။

Most Read

Most Recent