ယူရို-၂၀၂၄ ပြိုင်ပွဲ ရှုုံးထွက်(၁၆)သင်းအဆင့် ပွဲကြိုသုံးသပ်ချက်

ယူရို-၂၀၂၄ ပြိုင်ပွဲ ရှုုံးထွက်(၁၆)သင်းအဆင့် ပွဲကြိုသုံးသပ်ချက်
Photo: Mbappe Era
Photo: Mbappe Era
Published 1 July 2024

ပြင်သစ် နှင့် ဘယ်လ်ဂျီယံ (မြန်မာစံတော်ချိန် တနင်္လာည ၁ဝး၃၀ နာရီ)

အုပ်စုအဆင့်မှာ နှစ်သင်းစလုံး အမှားကိုယ်စီလုပ်ခဲ့ကြလို့ ဒုတိယနေရာနဲ့ တက်ရောက်လာတာဖြစ်ပြီး ဒီအဆင့်မှာပဲ ထိပ်တိုက်တွေ့ဆုံရတာပါ။ ဘာပေပြန်ကစားနိုင်ပြီဖြစ်လို့ ပြင်သစ်ရဲ့တိုက်စစ်က ပိုပြီးအသက်ဝင်လာလိမ့်မယ်။ ဘယ်လ်ဂျီယံကတော့ လူကာကူ ဂိုးပေါက်မတွေ့သေးသလို ဒီဘရိုင်းနားကိုယ်တိုင်လည်း ရုန်းကန်နေရတယ်။ နောက်ဆုံးနှစ်ပွဲဆက် အဓိကပြိုင်ပွဲတွေ့ဆုံမှုမှာ ပြင်သစ်အသင်းက အနိုင်ရထားတယ်။ ဒီပြိုင်ပွဲမှာ ဘယ်လ်ဂျီယံရဲ့ စွမ်းဆောင်ရည်က ပိုဆိုးနေလို့ ပြင်သစ်အသင်းပဲ နောက်တစ်ဆင့်တက်လိမ့်မယ်။

ပေါ်တူဂီ နှင့် ဆလိုဗေးနီးယား (မြန်မာစံတော်ချိန် အင်္ဂါနံနက် ၁း၃၀ နာရီ)

ပေါ်တူဂီအသင်းက အသင်းခေါင်းဆောင် စီရော်နယ်လ်ဒို အုပ်စုပွဲပြီးတဲ့အထိ ဂိုးပေါက်မတွေ့သေးတာ စိတ်ပျက်စရာပါပဲ။ ဆလိုဗေးနီးယားအသင်းက စုစည်းမှုကောင်းတယ်။ အင်္ဂလန်၊ ဒိန်းမတ်၊ ဆားဘီးယားတို့နဲ့ အုပ်စုကျပ်ထဲရောက်ခဲ့ပေမဲ့ တစ်ပွဲမှမရှုံးဘဲ သုံးပွဲစလုံး သရေကစားနိုင်ခဲ့တယ်။ မတ်လတုန်းက ခြေစမ်းပွဲမှာတော့ စီရော်နယ်လ်ဒို၊ ဂျော်အိုဖေးလစ်၊ နေးဗက်စ်၊ ကန်ဆယ်လိုတို့ပါဝင်တဲ့ ပေါ်တူဂီကို ဆလိုဗေးနီးယားက နှစ်ဂိုးပြတ် အနိုင်ရထားတယ်။ ဒီပွဲလည်း ပေါ်တူဂီအတွက် လွယ်ကူမှာမဟုတ်လို့ ဂိုးမပြတ်ဘဲ ကပ်ပြီးအနိုင်ရဖို့ရှိတယ်။

 

Most Read

Most Recent