■ လက်ရွေးစင်အသင်းမှ အနားမယူလိုသေးဟု ဝေါ်လ်ကာ ပြောကြား

■ လက်ရွေးစင်အသင်းမှ အနားမယူလိုသေးဟု ဝေါ်လ်ကာ ပြောကြား
Photo: Sky Sports
Photo: Sky Sports
Published 21 June 2024

အင်္ဂလန်နောက်ခံလူ ဝေါ်လ်ကာက လက်ရွေးစင်အသင်းမှ အနားမယူလိုသေးဟု ပြောကြားခဲ့သည်။ 

ဝေါ်လ်ကာ(၃၄ နှစ်)သည် ယူရို-၂၀၂၄ ပြိုင်ပွဲတွင် အင်္ဂလန်အသင်း၏ ပွဲထွက်ကစားသမားအဖြစ် ရပ်တည်နေဆဲဖြစ်သည်။ 

၎င်းအား အနားယူမည့်အချိန်နှင့်ပတ်သက်၍ မေးမြန်းခဲ့ရာ "ကျွန်တော် တတ်နိုင်သမျှ ရှေ့ဆက်သွားချင်ပါတယ်။ အရိုးသားဆုံးပြောရရင် အခုလိုလုပ်နိုင်မယ်လို့ ကျွန်တော် မထင်ခဲ့ပါဘူး။ ဒါပေမဲ့ ပီပီ၊ မိုဒရစ်တို့ကိုကြည့်ပြီး သူတို့လိုပဲ ဘာကြောင့် မလုပ်နိုင်မှာလဲလို့ တွေးမိပါတယ်"ဟု ဝေါ်လ်ကာက ပြောကြားခဲ့သည်။

ဝေါ်လ်ကာသည် အင်္ဂလန်လက်ရွေးစင်အသင်းအတွက် ၂၀၁၁ ခုနှစ်တွင် စတင်ပွဲထွက်ကစားခဲ့ပြီး (၈၁) ပွဲကစားကာ (၁) ဂိုး သွင်းယူထားသည်။ 

Most Read

Most Recent