■ ဆောက်ဂိတ်၏နောက်တွင် မိမိတို့အားလုံးရှိနေသည်ဟု ဂူဟီ ဆို     

■ ဆောက်ဂိတ်၏နောက်တွင် မိမိတို့အားလုံးရှိနေသည်ဟု ဂူဟီ ဆို     
Photo: Sky Sports
Photo: Sky Sports
Published 28 June 2024

အင်္ဂလန်လက်ရွေးစင်အသင်း၏ နောက်ခံလူ ဂူဟီက နည်းပြ ဆောက်ဂိတ်၏နောက်တွင် မိမိတို့အားလုံးရှိနေသည်ဟု ပြောကြားခဲ့သည်။ 

အင်္ဂလန်အသင်းသည် လက်ရှိအချိန်၌ ယူရို-၂၀၂၄ ပြိုင်ပွဲတွင် ဗိုလ်စွဲရန် ရေပန်းအစားဆုံးအသင်းအဖြစ် ရပ်တည်နေသည်။ 

သို့သော် အင်္ဂလန်အသင်းမှာ အုပ်စုအဆင့်ပွဲစဉ်များတွင် ခြေစွမ်းပြနိုင်ခြင်းမရှိသဖြင့် နည်းပြ ဆောက်ဂိတ်မှာ ဝေဖန်ပြစ်တင်မှုများစွာနှင့် ရင်ဆိုင်နေရသည်။ 

နည်းပြ ဆောက်ဂိတ်လက်ထက်တွင် အင်္ဂလန်လက်ရွေးစင်အဖြစ် စတင်ပွဲထွက်ခွင့်ရခဲ့ပြီး ယူရိုပြိုင်ပွဲ၌ အဓိကပွဲထွက်ကစားသမားအဖြစ် နေရာရနေသည့် ဂူဟီက ဆောက်ဂိတ်သည် ကစားသမားအားလုံး၏ထောက်ခံမှုရရှိထားသည်ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။

Most Read

Most Recent