ဟန်ဂေရီတိုက်စစ်မှူး ဗာဂါအား ကုသရာတွင် နှောင့်နှေးမှုမရှိဟု UEFA ထုတ်ပြန်

ဟန်ဂေရီတိုက်စစ်မှူး ဗာဂါအား ကုသရာတွင် နှောင့်နှေးမှုမရှိဟု UEFA ထုတ်ပြန်
Photo: Getty Images
Photo: Getty Images
Published 27 June 2024

ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA) က ဟန်ဂေရီတိုက်စစ်မှူး ဗာဂါအား ကွင်းအတွင်း ကုသရာတွင် နှောင့်နှေးမရှိခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

ယူရို ၂၀၂၄ အုပ်စု(A) နောက်ဆုံးပွဲစဉ် စကော့တလန် (၀-၁) ဟန်ဂေရီပွဲ၏ ပွဲချိန် (၆၇)မိနစ်တွင် ဟန်ဂေရီတိုက်စစ်မှူး ဗာဂါသည် ခေါင်းတိုက်ဂိုးသွင်းရန် ကြိုးစားရာ စကော့တလန်ဂိုးသမားနှင့်ထိခိုက်မိပြီး မျက်နှာတွင် အရိုးများစွာ ကျိုးသွားခဲ့ ကာ သတိမေ့မြောခဲ့ခြင်းဖြစ်သည်။

ကွင်းအတွင်း ထိခိုက်ပြီး ဗာဂါ သတိမေ့မြောနေချိန်တွင် ဆေးအဖွဲ့များအနေဖြင့် ကုသမှုပေးရန် နှောင့်နှေးခဲ့ကြောင်း ဟန်ဂေရီအသင်းခေါင်းဆောင် ဆိုဘိုဆလိုင်းနှင့် နည်းပြ မာကိုရိုဆီတို့က ဝေဖန်ခဲ့ကြသည်။

ယခုအခါ UEFA က ဗာဂါအား ကုသရာတွင် ၎င်းတို့အနေဖြင့် နှောင့်နှေးခဲ့ခြင်းမရှိကြောင်း ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

UEFA ၏ ထုတ်ပြန်ချက်တွင် '' ဖြစ်ရပ်ပေါ်ပေါက်ပြီး (၁၅) စက္ကန့်အတွင်း ဆရာဝန်များ ကွင်းအတွင်း စတင်ဝင်ရောက်ခဲ့ကြောင်း၊ ကွင်းအတွင်း ဆရာဝန်များမှာ ကျွမ်းကျင်သူများဖြစ်ပြီး စည်းမျဉ်းများအရ ဆောင်ရွက်ခဲ့ကြောင်းနှင့် ကစားသမားအား ဆေးကုသမှုပေးရာတွင် နှောင့်နှေးခဲ့ခြင်းမရှိကြောင်း'' ဖော်ပြပါရှိသည်။ 

Most Read

Most Recent