ဘယ်လင်ဟမ်အား အင်္ဂလန်ပရိသတ်များ လှောင်ပြောင်

ဘယ်လင်ဟမ်အား အင်္ဂလန်ပရိသတ်များ လှောင်ပြောင်
Photo: Sky Sports
Photo: Sky Sports
Published 27 June 2024

အင်္ဂလန်ပရိသတ်များသည် အသင်းအတွက် ခြေစွမ်းပြနိုင်ခြင်းမရှိသည့် ကွင်းလယ်ကစားသမား ဘယ်လင်ဟမ်အား လူမှုကွန်ရက်များတွင် လှောင်ပြောင်ဝေဖန်မှုများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ဘယ်လင်ဟမ်သည် ဆားဘီးယားအား(၁-၀)ဂိုးဖြင့် အနိုင်ရသည့်ပွဲတွင် အင်္ဂလန်အတွက် တစ်လုံးတည်းသော အနိုင်ဂိုးကိုသွင်းယူပေးခဲ့သူဖြစ်သည်။

သို့သော် ၎င်းသည် ဒိန်းမတ်နှင့် (၁-၁)ဂိုးဖြင့် သရေကျသည့်ပွဲတွင် ခြေစွမ်းမပြနိုင်ခဲ့သလို၊ ဆလိုဗေးနီးယားနှင့် (၀-၀)ဂိုးဖြင့် သရေကျသည့်ပွဲတွင်လည်း ခြေစွမ်းမပြနိုင်ခဲ့ပေ။

L'Equipe က ဆလိုဗေးနီးယားပွဲမှ ဘယ်လင်ဟမ်၏ စွမ်းဆောင်မှုကို (၁၀)တွင် (၃)သာ ပေးခဲ့ပြီး အင်္ဂလန်ကစားသမားများထဲတွင် အဆိုးဆုံးဖြစ်ခဲ့သည်။

ယင်းပွဲအပြီးတွင် အင်္ဂလန်ပရိသတ်များက လူမှုကွန်ရက်တွင် ဘယ်လင်ဟမ်အား ''ဘယ်လင်ဟမ်ကို ထုတ်စမ်းပါ''၊ ''ငပျင်းလို ကစားနေတယ်''၊ ''အသံပဲ ထွက်တာ'' စသည်ဖြင့် ရေးသားခဲ့ကြသည်။ 

Most Read

Most Recent