■ မက်ဒရစ်တွင် ပေါင်(၁၅)သန်းတန်တိုက်ခန်း ဘာပေ ဝယ်ယူ     

■ မက်ဒရစ်တွင် ပေါင်(၁၅)သန်းတန်တိုက်ခန်း ဘာပေ ဝယ်ယူ     
Published 24 May 2024

PSG အသင်းနှင့် လမ်းခွဲတော့မည်ဖြစ်သည့် ပြင်သစ်တိုက်စစ်မှူး ဘာပေသည် မက်ဒရစ်မြို့တွင် ပေါင်(၁၅)သန်း တန်တိုက်ခန်း ဝယ်ယူခဲ့ကြောင်း သိရသည်။ 

ဘာပေသည် PSG အသင်းမှ ထွက်ခွာတော့မည့်အကြောင်းသာ ကြေညာထားပြီး ရီးယဲလ်အသင်းသို့ ပြောင်းရွှေ့မည်ဟု အတည်မပြုသေးပေ။ 

သို့သော် ၎င်းအနေဖြင့် ရီးယဲလ်အသင်းထံ ပြောင်းရွှေ့ရန် သေချာနေပြီဖြစ်ပြီး ရီးယဲလ်အသင်းက ချန်ပီယံလိဂ်ဗိုလ်လုပွဲအပြီးတွင် အဆိုပါအပြောင်းအရွှေ့သတင်းကို အတည်ပြုကြေညာလိမ့်မည်ဟု စပိန်မီဒီယာများက ဖော်ပြထားသည်။ 

ယခုအခါ ဘာပေသည် မက်ဒရစ်သည် တိုက်ခန်းဝယ်ယူခဲ့ပြီဖြစ်သည့်အတွက် အပြောင်းအရွှေ့အတွက် ပိုမိုသေချာသွားစေခဲ့သည်။

Most Read

Most Recent