နည်းပြ ဒယ်လာဖွန်တေကို စပိန်အသင်း စာချုပ်သစ်ချုပ်ဆို

နည်းပြ ဒယ်လာဖွန်တေကို စပိန်အသင်း စာချုပ်သစ်ချုပ်ဆို
Photo: X
Photo: X
Published 6 June 2024

စပိန်လက်ရွေးစင်အသင်းသည် အသင်း၏နည်းပြဖြစ်သူ ဒယ်လာဖွန်တေ  (၆၂ နှစ်)အား ၂၀၂၆ ခုနှစ်အထိသက်တမ်းရှိမည့် (၂)နှစ်စာချုပ်သစ် ချုပ်ဆိုခဲ့ကြောင်း အတည်ပြုကြေညာခဲ့သည်။

စပိန်လက်ရွေးစင်အသင်းသည် မူလက ဒယ်လာဖွန်တေအား ယူရို-၂၀၂၄ ပြိုင်ပွဲအပြီးအထိသာ စာချုပ်ချုပ်ဆိုထားသော်လည်း ယခုအခါ ၂၀၂၆ ကမ္ဘာ့ဖလားပြီးဆုံးသည်အထိ တာဝန်ပေးအပ်ခဲ့ခြင်းဖြစ်သည်။

ဘီလ်ဘာအို၊ အလာဗတ်စ်နှင့် စပိန်သက်တမ်းအလိုက်အသင်းများကို ကိုင်တွယ်ခဲ့သည့် ဒယ်လာဖွန်တေသည် စပိန်လက်ရွေးစင်အသင်းအား ၂၀၂၂ ဒီဇင်ဘာလတွင် စတင်ကိုင်တွယ်ခဲ့ပြီး ပြိုင်ပွဲစုံ (၁၂)ပွဲကိုင်တွယ်ရာတွင် (၈) ပွဲနိုင်၊ (၂)ပွဲသရေ၊ (၂) ပွဲရှုံးရလဒ်နှင့် အတူ ၂၀၂၂-၂၃ ရာသီ UEFA Nations League ချန်ပီယံဆု ရယူနိုင်ခဲ့သလို ယူရို-၂၀၂၄ ခြေစစ်ပွဲ အောင်မြင်ရန်လည်းစွမ်းဆောင်ပေးနိုင်ခဲ့သည်။

စပိန်အသင်းသည် လာမည့် ယူရို-၂၀၂၄ ပြိုင်ပွဲ ချန်ပီယံဆုရေပန်းစားမှုတွင် အဆင့် (၄)နေရာ၌ ရပ်တည်လျက်ရှိသည်။

Most Read

Most Recent