စီရော်နယ်လ်ဒို ကိုယ်ပိုင် YouTube Channel  ဖွင့်လှစ်ခဲ့ပြီး Subscriber စံချိန်ချိုး

စီရော်နယ်လ်ဒို ကိုယ်ပိုင် YouTube Channel  ဖွင့်လှစ်ခဲ့ပြီး Subscriber စံချိန်ချိုး
Photo: YouTube
Photo: YouTube
Published 22 August 2024

နာမည်ကျော် ပေါ်တူဂီအသင်းခေါင်းဆောင် စီရော်နယ်လ်ဒိုသည် သြဂုတ်လ (၂၂) ရက်(ဗုဒ္ဓဟူးနေ့) တွင် ကိုယ်ပိုင် YouTube Channel ဖွင့်လှစ်ခဲ့ပြီး ၎င်း၏ YouTube Channel မှာ စဖွင့်ပြီး မိနစ်(၉၀)အတွင်း Subscriber (၁) သန်းကျော် ရရှိကာ စံချိန်သစ်တင်ခဲ့ကြောင်း သိရသည်။

အသက် (၃၉)နှစ်ကျော်ပြီဖြစ်သည့် စီရော်နယ်လ်ဒိုသည် ၎င်း၏ YouTube Channel အမည်ကို UR . Cristiano ဟု ပေးထားပြီး ယင်း Channel တွင် ယခင်က မြင်တွေ့ရခဲသည့် စီရော်နယ်လ်ဒိုမိသားစု၏နေထိုင်မှု ဘဝကို မြင်တွေ့ရမည်ဖြစ်ကြောင်း သိရသည်။

စီရော်နယ်လ်ဒိုအနေဖြင့် ကိုယ်ပိုင် YouTube Channel ဖွင့်လှစ်ခြင်းနှင့်ပတ်သက်ပြီး ''ခင်ဗျားတို့အတွက် ကျွန်တော့်မှာ Big Surprise တစ်ခု ရှိတယ်။ ဒါက ကျွန်တော့်ရဲ့ YouTube Channel အသစ်ပါပဲ''ဟု ပြောကြားခဲ့သည်။

စီရော်နယ်လ်ဒိုသည် ၎င်း၏ YouTube Channel Bio တွင်လည်း '' SIUUUbscribe and Join the CR7 family''ဟု ရေးသားထားသည်။

စီရော်နယ်လ်ဒိုသည် ၎င်း၏ YouTube Channel UR စဖွင့်ချိန်တွင် ဗီဒီယိုအတို (၁၈) ပုဒ် တင်ခဲ့သလို၊ Short များကို တင်ထားသည်။

ထို့ပြင် YouTube Channel တွင် အင်တာဗျူးများလည်း ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ 

စီရော်နယ်လ်ဒို၏ YouTube Channel သည် (၁၂)နာရီအတွင်း Subscriber (၁၀)သန်းပြည့်ခဲ့ခြင်းမှာလည်း စံချိန်သစ်ဖြစ်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent