ရှမ်းယူနိုက်တက်ကို ယှဉ်ကစားနိုင်သည့် အရည်အသွေး မိမိကစားသမားများတွင်ရှိသည်ဟု ကာဆူကာအုပ်ချုပ်သူ ဆို

ရှမ်းယူနိုက်တက်ကို ယှဉ်ကစားနိုင်သည့် အရည်အသွေး မိမိကစားသမားများတွင်ရှိသည်ဟု ကာဆူကာအုပ်ချုပ်သူ ဆို
Photo: FABD
Photo: FABD
Published 22 July 2024

ဘရူနိုင်းကလပ် ကာဆူကာအသင်းအုပ်ချုပ်သူ မိုဟာမက်ဟာလီမီက ရှမ်းယူနိုက်တက်အသင်းကို ကောင်းစွာယှဉ်ကစားနိုင်သည့် အရည်အသွေး မိမိတို့ကစားသမားများတွင်ရှိကြောင်း ပြောကြားခဲ့သည်။

အသင်းအုပ်ချုပ်သူ မိုဟာမက်ဟာလီမီက ''ဒီပြိုင်ပွဲမှာ အသင်းကြီးဆိုတာမျိုး မရှိပါဘူး၊ ကျွန်တော်တို့နိုင်ငံ၊ ကျွန်တော်တို့ကစားသမားတွေအတွက် ဒီပြိုင်ပွဲက အရေးပါပါတယ်။ ဘာကြောင့်ဆိုတော့ ဒီပြိုင်ပွဲရဲ့ ရလဒ်က ဘောလုံးအဆင့်အတန်းကို အထောက်အကူဖြစ်စေမှာကြောင့်ပါ။ ကျွန်တော်တို့မှာ ယုံကြည်မှုအပြည့်ရှိပါတယ်။ ရှမ်းယူနိုက်တက်အသင်းကို ကောင်းစွာ ယှဉ်ကစားနိုင်ပါလိမ့်မယ်။ ကျွန်တော်တို့အသင်း ခြေစစ်ပွဲအောင်မယ်လို့ ယုံကြည်ထားပါတယ်။ ကျွန်တော်တို့အသင်းရဲ့ ကစားသမားတွေအားလုံး ဒီပြိုင်ပွဲအတွက် အသေအချာပြင်ဆင်ထားပါတယ်''ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။

ရှမ်းယူနိုက်တက်အသင်းသည် ၂၀၂၄-၂၀၂၅ ရာသီ အာဆီယံကလပ် ချန်ပီယံရှစ်ပြိုင်ပွဲ ခြေစစ်ပွဲ Play-off ဒုတိယအကျော့အဖြစ် ဘရူနိုင်းကလပ် ကာဆူကာအသင်းနှင့် ဇူလိုင် ၂၄ ရက် ညနေ ၆ နာရီတွင် ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်းတွင် ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။

ယင်းအသင်းနှစ်သင်းသည် ဇူလိုင် ၁၇ ရက်က ပထမအကျော့အဖြစ် ဘရူနိုင်းနိုင်ငံ၌ယှဉ် ပြိုင်ကစားခဲ့ရာ(၁-၁) ဂိုးဖြင့် သရေကျခဲ့သည်။

Most Read

Most Recent