ဗိုလ်လုပွဲရောက် စပိန်ကို မြင်မိသမျှ

ဗိုလ်လုပွဲရောက် စပိန်ကို မြင်မိသမျှ
Photo : AFP
Photo : AFP
Published 11 July 2024
Hein Thant

စပိန်ကတော့ ယူရို-၂၀၂၄ ရဲ့ ဗိုလ်လုပွဲကို ရောက်လာပြီ။ ချန်ပီယံဆုအတွက် မျှော်လင့်ခြင်း နောက်ဆုံးခြေတစ်လှမ်း ထပ်ပြီးလှမ်းပြနိုင်ဖို့ပဲ လိုတော့တယ်။  စပိန်ရဲ့ ဗိုလ်လုပွဲအထိ ခရီးလမ်းက ပန်းခင်းလမ်းတော့ မဟုတ်ခဲ့ဘူး။ စပိန်ဟာ ဗိုလ်လုပွဲကိုရောက်ရေး အုပ်စုအတွင်းမှာ ခရိုအေးရှားနဲ့ အီတလီလိုအသင်းတွေ၊ ကွာတားဖိုင်နယ်နဲ့ ဆီမီးဖိုင်နယ်တွေမှာ ဂျာမနီနဲ့ ပြင်သစ်လိုအသင်းတွေကို ကျော်ဖြတ်ခဲ့ရတာဖြစ်တယ်။ ဒါကြောင့် ဗိုလ်လုပွဲကို ထိုက်တန်စွာနဲ့ ရောက်လာတာလို့ ပြောလို့ရတယ်။ စပိန်အသင်း ခရီးလမ်းတစ်လျှောက် ရင်ဆိုင်ခဲ့ရတဲ့အသင်းတွေက အသင်းကြီးအသင်းကောင်းတွေဖြစ်ပြီး ဒီလိုအသင်းတွေကို အနိုင်ယူရင်း စပိန်ကလည်း ချန်ပီယံဆုနဲ့ ထိုက်တန်နေတဲ့ အသင်းတစ်သင်းအဖြစ်ပါ ဒီပြိုင်ပွဲမှာ သူတို့ရဲ့ အကောင်းဆုံးခြေစွမ်းကို ထုတ်ပြနိုင်ခဲ့တယ်။

 

Most Read

Most Recent