လီဗာပူးလ်နှင့် စာချုပ်သက်တမ်းကုန်ဆုံးတော့မည့် ဆာလာနှင့် ဗန်ဒိုက်တို့ကို အယ်လ်ဟီလာ ခေါ်ယူလို

လီဗာပူးလ်နှင့် စာချုပ်သက်တမ်းကုန်ဆုံးတော့မည့် ဆာလာနှင့် ဗန်ဒိုက်တို့ကို အယ်လ်ဟီလာ ခေါ်ယူလို
Photo: Getty Images
Photo: Getty Images
Published 7 October 2024

ဆော်ဒီကလပ် အယ်လ်ဟီလာအသင်းသည် လီဗာပူးလ်အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးရန် နီးစပ်နေပြီဖြစ်သည့် အီဂျစ်တိုက်စစ်မှူး ဆာလာနှင့် နယ်သာလန်နောက်ခံလူ ဗန်ဒိုက်တို့ကို ခေါ်ယူရန် ဆန္ဒရှိနေကြောင်း သိရသည်။

ယင်းကစားသမားနှစ်ဦးစလုံးမှာ လာမည့်နွေရာသီတွင် လီဗာပူးလ်အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်သည်။

လီဗာပူးလ်အသင်းသည် အသက်(၃၂) နှစ်ရှိပြီဖြစ်သည့် ဆာလာနှင့် အသက်(၃၃)နှစ်ရှိပြီဖြစ်သည့် ဗန်ဒိုက်တို့ကို သက်တမ်းတိုးရန် ချီတုံချတုံဖြစ်နေသည့်အတွက် အယ်လ်ဟီလာအသင်းက ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ရရှိနိုင်မည့် ထိပ်တန်းကစားသမားနှစ်ဦးကို ပစ်မှတ်ထားနေခြင်းဖြစ်ကြောင်း သိရသည်။

ဆာလာနှင့် ဗန်ဒိုက်တို့သည် ပြီးခဲ့သည့်နွေရာသီကတည်းက ဆော်ဒီကလပ်များထံမှ ကမ်းလှမ်းမှုများကို လက်ခံရရှိခဲ့ဖူးသူများ ဖြစ်သည်။

စီရော်နယ်လ်ဒို ဦးဆောင်ကစားနေသည့် အယ်လ်နာဆာအသင်းသည် ဗန်ဒိုက်ကို နောက်ခံလူများထဲ၌ လစာနှုန်းထားအမြင့်ဆုံးဖြစ်စေမည့်ပမာဏဖြင့် ချဉ်းကပ်စည်းရုံးခဲ့ကြောင်း သိရသည်။

Most Read

Most Recent