ဟယ်လင်းဟာရီကိန်းဝင်ရောက်ခဲ့ပြီးနောက် ၁၀ ရက်ကျော်အကြာတွင် မုန်တိုင်းသစ် မီလ်တန် ဖလော်ရီဒါပြည်နယ်ကို ဦးတည်နေ

ဟယ်လင်းဟာရီကိန်းဝင်ရောက်ခဲ့ပြီးနောက် ၁၀ ရက်ကျော်အကြာတွင် မုန်တိုင်းသစ် မီလ်တန် ဖလော်ရီဒါပြည်နယ်ကို ဦးတည်နေ
Published 7 October 2024

ဟယ်လင်း ဟာရီကိန်းတိုက်ခတ်ခဲ့ပြီး နောက် အန္တရာယ်များသော သတင်းမှားစစ် ပွဲဆင်နွှဲနေခြင်းကို အမေရိကန် ဘေးအန္တ ရာယ် ကယ်ဆယ်ရေး အေဂျင်စီ၏အကြီးအ အကဲက ဝေဖန်ပြောကြားစဉ် နောက်ထပ် အကြီးအကျယ် ဖျက်ဆီးနိုင်သော မုန်တိုင်း သည် အောက်တိုဘာ ၆ ရက်တွင် ဖလော်ရီ ဒါပြည်နယ်ကို ဦးတည်နေသည်။

ဖလော်ရီဒါကမ်းရိုးတန်းနှင့် မက္ကဆီကို ပင်လယ်ကွေ့အကြား ပူနွေးသော သမုဒ္ဒရာ ကြောင့် မက္ကဆီကို ပင်လယ်ကွေ့တွင်ဖြစ်ပေါ် လာသော မုန်တိုင်းအသစ် မီလ်လန်သည် အောက်တိိုဘာ ၆ ရက်တွင် ပြင်းအားအဆင့် တစ်ရှိသော ဟာရီကိန်းအဖြစ် အားကောင်း လာခဲ့သည်။ ဖလော်ရီဒါကမ်းရိုးတန်းသည် ဟယ်လင်းဟာရီကိန်းမုန်တိုင်း၏ပြင်းထန် သော လေပြင်းများ၊ မုန်တိုင်းဒီရေများ ဒဏ် ကို ကြုံတွေ့ခဲ့ရသော ဧရိယာဖြစ်သည်။

“ကျွန်တော်တို့ဟာ ဟယ်လင်းဟာရီ ကိန်းကြောင့် ဖြစ်ပေါ်ခဲ့တဲ့ အပျက်အစီးတွေ ကို အခုမှ ရှင်းလင်းနေတုန်းဖြစ်ပါတယ်”ဟု တမ်ပါဘေးမြို့တော်ဝန် ဂျိန်းကက်စတာက CNN ကို ပြောကြားခဲ့သည်။

“မုန်တိုင်းသစ်ကြောင့် ရွာမယ့်မိုးကို စဉ်းစားလိုက်တာနဲ့တင် ခက်ခဲနေပါပြီ။ မုန် တိုင်းသစ်ကြောင့် ဖြစ်လာမယ့် မုန်တိုင်းဒီ ရေနဲ့ ထိခိုက်ပျက်စီးတာတွေဖြစ်စေမယ့် လေပြင်းတွေကို ထည့်မစဉ်းစားရသေးပါဘူး” ဟု ၎င်းင်းက ဖြည့်စွက် ပြောကြားခဲ့သည်။

မီလ်တန်မုန်တိုင်း၏တိကျသော လမ်းကြောင်းသည် အောက်တိုဘာ ၆ ရက်တွင် ရှင်းရှင်းလင်းလင်း မရှိသေးသော်လည်း ဖလော်ရီဒါပြည်နယ်ရှိ အာဏာပိုင်များက ပြင်ဆင်မှုများ လုပ်ဆောင်ရန် ဒေသခံများကို သတိပေးထားသည်။ မုန်တိုင်းသစ် မီလ်တန် သည် အောက်တိုဘာ ၉ ရက်တွင် ဖလော်ရီ ဒါပြည်နယ်၏ အနောက်ကမ်းရိုးတန်းကို ချည်းကပ်မလာမီ အောက်တိုဘာ ၇ ရက်တွင် ဟာရီကိန်းမုန်တိုင်းကြီးအဖြစ် အားကောင်း လာမည်ဟု ခန့်မှန်းထားသည်။

တာဝန်ရှိသူများက တမ်ပါဘေးအနီးရှိ ပက်စကိုကောင်တီနှင့် အန်နာမာရီယာကျွန်း တို့တွင် နေထိုင်သူများ အောက်တိုဘာ ၇ ရက်မှစတင်၍ မဖြစ်မနေ ရွှေ့ပြောင်းကြရန်  ညွှန်ကြားထားပြီး အခြားကောင်တီအနည်း ငယ်တွင် နေထိုင်သော နယ်ခံများ သို့မဟုတ် ကာလရှည်နေထိုင်ရသော ကျန်းမာရေး စောင့်ရှောက်မှုဌာနများလို အဆောက်အအုံ များတွင် နေထိုင်သူများ ရွှေ့ပြောင်းကြရန် ညွှန်ကြားခဲ့သည်။

ဖလော်ရီဒါပြည်နယ်အုပ်ချုပ်ရေးမှူး ရွန်ဒီဆန်းတစ်က ပြည်နယ်၏ကောင်တီ ၆၇ ခုထဲက ကောင်တီ ၅၁ ခုကို အရေးပေါ်အခြေ အနေကြေညာခဲ့ပြီး မီလ်တန်မုန်တိုင်းသည်  ပေ ၂၀ (ခြောက်မီတာ)အထိရှိသော မုန် တိုင်းဒီရေများနှင့်အတူ ကြီးကြီးမားမား သက် ရောက်မှုများရှိလာနိုင်သည်ဟု ခန့်မှန်းပြော ကြားခဲ့သည်။

မီလ်တန်မုန်တိုင်းနှင့်ပတ်သက်၍ သမ္မ တဂျိုးဘိုင်ဒင်ထံ အစီရင်ခံခဲ့သည်။ ၎င်းင်း၏ အစိုးရအဖွဲ့သည် အသက်ကယ်နိုင်သော အရင်းအမြစ်များကို အသင့်လုပ်ထားသည် ဟု ထုတ်ပြန်ချက်တွင် သမ္မတဂျိုးဘိုင်ဒင်က ဖော်ပြခဲ့သည်။

ဖက်ဒရယ် အာဏာပိုင်များသည် မီလ် တန်အတွက် အသင့်ပြင်ထားကြသည်ဟု ဖက်ဒရယ်အရေးပေါ်စီမံခန့်ခွဲမှုအေဂျင်စီ (FEMA)၏အကြီးအကဲ ဒီယန်ခရစ္စဝဲလ်က ABC သတင်းဌာနကို ပြောကြားခဲ့သည်။

မီလ်တန်သည် အောက်တိုဘာ ၇ ရက် နှင့် ၈ ရက်တို့တွင် ယူကာတန်ကျွန်းဆွယ်၏ မြောက်ပိုင်းသို့ ရွေ့လျားမည်ဖြစ်ပြီး မက္ကဆီ ကို ပင်လယ်ကွေ့တောင်ပိုင်းကို ဖြတ်သန်း မည်ဟု ခန့်မှန်းထားကြောင်း အမေရိကန် အမျိုးသားဟာရီကိန်းစင်တာက ပြောကြားခဲ့ သည်။ 

လွန်ခဲ့သော ၁၀ ရက်ကျော်တွင် ဟယ် လင်းဟာရီကိန်းသည် ပြင်းအားအဆင့်လေး ဟာရီကိန်းအဖြစ် ဖလော်ရီဒါကမ်းရိုးတန်း ဒေသကို ဝင်ရောက်ခဲ့ရာ ကုန်းတွင်း$ ပျက်စီး မှုများကို ဖြစ်ပေါ်စေခဲ့ပြီး မိုးသည်းထန်ခြင်း၊  မြောက်ကာရိုလိုင်းနား၏ဝေးလံသော မြိို့များ တွင် ရုတ်တရက်ရေကြီးခြင်းတို့ကို ဖြစ်ပေါ်စေ ခဲ့သည်။  

Ref;AFP                                       

                       

Most Read

Most Recent