■ လက်ရွေးစင်အသင်းမှ အနားယူရန် ဝေဖန်နေမှုများက အသင်းတွင်ဆက်ကစားရန် တွန်းအားဖြစ်စေခဲ့သည်ဟု စီရော်နယ်လ်ဒိုဆို     

■ လက်ရွေးစင်အသင်းမှ အနားယူရန် ဝေဖန်နေမှုများက အသင်းတွင်ဆက်ကစားရန် တွန်းအားဖြစ်စေခဲ့သည်ဟု စီရော်နယ်လ်ဒိုဆို     
Photo: Getty Images
Photo: Getty Images
Published 6 September 2024

‌ပေါ်တူဂီ ၀ါရင့်ကစားသမားတစ်ဦးဖြစ်သူ စီရော်နယ်လ်ဒိုက သူသည် ယခုအချိန်အထိ ပေါ်တူဂီအသင်းအတွက် ကစားပေးရန် လုံလောက်သည့်  ကြံ့ခိုင်မှုရှိနေသေးကြောင်းနှင့် လက်ရွေးစင်အသင်းမှ အနားယူရန် ဝေဖန်နေမှုများကလည်း ဆက်လက်ကစားရန် တွန်းအားဖြစ်စေသည်ဟု ပြောကြားခဲ့သည်။

    

ပေါ်တူဂီအသင်းနှင့် ခရိုအေးရှားအသင်းတို့ ကစားခဲ့့သည့်ပွဲတွင် စီရော် နယ်လ်ဒိုနှင့်အတူ အသက် (၃၉) နှစ် ရှိပြီဖြစ်သည့် မိုဒရစ်လည်း လက်ရွေးစင်အသင်းတွင် ကစားနေဆဲဖြစ်ပြီး ၎င်းတို့နှစ်ဦးစလုံးအပေါ် ချီးကျူးမေးမြန်းမှုများလည်း ရှိခဲ့သည်။ 

စီရော်နယ်လ်ဒိုနှင့် မိုဒရစ်တို့သည် နှစ်ဦးစလုံး ၁၉၈၅ ခုနှစ်တွင် မွေးဖွားခဲ့သူများဖြစ်ပြီး စီရော်နယ်လ်ဒိုက ပြီးခဲ့သည့် ဖေဖော်ဝါရီလက (၃၉) နှစ်ပြည့်ခဲ့ကာ မိုဒရစ်ကလည်း မကြာသေးမီက (၃၉) နှစ်  ပြည့်ခဲ့သည်။

    

စီရော်နယ်လ်ဒိုကမူ "ဝေဖန်မှုတွေကြောင့်တော့ ရပ်တန့်မသွားပါဘူး။ တွန်းအားတောင် ပိုဖြစ်စေသေးတယ်။ အခုအချိန်အထိ ပွဲထွက်ကစား နိုင်တယ်လို့ တွေးနေပါတယ်"ဟု ပြောကြားခဲ့သည်။ 

စီရော်နယ်လ်ဒိုသည် ကြာသပတေးနေ့က ကစားခဲ့သည့် UEFA Nations League ပွဲစဉ် ပေါ်တူဂီ (၂-၁) ခရိုအေးရှားပွဲတွင် ပေါ်တူဂီအသင်းအတွက် ဒုတိယဂိုးကို သွင်းယူပေးနိုင်ခဲ့သည်။ 

ယင်းဂိုးမှာ စီရော်နယ်လ်ဒိုအတွက် ပရော်ဖက်ရှင်နယ်ကစားသမားဘဝ (၉၀၀) မြောက် သွင်းဂိုးဖြစ်ခဲ့ပြီး ဘောလုံးသမိုင်းတွင် ဂိုး (၉၀၀) သွင်းနိုင်သည့် ပထမဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့သည်။ 

Most Read

Most Recent