ယခုရာသီကုန်တွင် နည်းပြဘဝမှ ရာနီရေးရီ အနားယူမည်

ယခုရာသီကုန်တွင် နည်းပြဘဝမှ ရာနီရေးရီ အနားယူမည်
Photo: Serie A
Photo: Serie A
Published 23 May 2024

ကာဂလီယာရီနည်းပြ ရာနီရေးရီက ယခုရာသီကုန်တွင် နည်းပြဘဝမှ အနားယူမည်ဖြစ်ကြောင်း အတည်ပြု ပြောကြားခဲ့သည်။

အသက် (၇၂)နှစ် အရွယ်ရှိ ရာနီရေးရီသည် ကာဂလီယာရီအသင်းနှင့် (၃) နှစ် စာချုပ် ချုပ်ဆိုထားသော်လည်း တစ်ရာသီ ကိုင်တွယ်အပြီးတွင် ရာထူးမှနုတ်ထွက်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

ရာနီရေးရီသည် ဘိုလော့ဂ်နာအသင်းကို ယခုရာသီ စီးရီးအေပြိုင်ပွဲတွင် တင်ကျန်ရစ်အောင် စွမ်းဆောင်ပေးပြီးနောက် နည်းပြဘဝမှ အနားယူရန် ဆုံးဖြတ်ခဲ့ခြင်းလည်း ဖြစ်သည်။

ရာနီရေးရီက ''အခုတော့ ထွက်ခွာသွားဖို့ ကျွန်တော် ဆုံးဖြတ်လိုက်ပါပြီ။ ဒါက လုပ်သင့်လုပ်ထိုက်တဲ့ လုပ်ရပ်ပါ။ ဒီဆုံးဖြတ်ချက်က အလျင်စလိုနိုင်ပေမဲ့ မှန်ကန်တယ်လို့ ထင်ပါတယ်''ဟု ပြောကြားခဲ့သည်။

ရာနီရေးရီသည် နည်းပြဘဝတွင် ကလပ်အသင်းပေါင်း (၂၀) ကျော်ကို ကိုင်တွယ်နည်းပြခဲ့သူဖြစ်သည်။

၎င်းသည် ၂၀၁၅-၁၆ ရာသီတွင် လက်စတာအသင်းကို ပရီးမီးယားလိဂ်ဖလားရအောင် စွမ်းဆောင်ပေးနိုင်ခဲ့သူလည်း ဖြစ်သည်။ 

Most Read

Most Recent