ရွှေတံဆိပ်ရှင်က ပြင်သစ်လား၊ စပိန်လား . . .

ရွှေတံဆိပ်ရှင်က ပြင်သစ်လား၊ စပိန်လား . . .
Photos : X
Photos : X
Published 8 August 2024
Hein Thant

၂၀၂၄ ပါရီအိုလံပစ် အမျိုးသားဘောလုံးပြိုင်ပွဲရဲ့ ဗိုလ်လုပွဲကိုလည်း စပိန်အိုလံပစ် ယူ-၂၃ အသင်းရောက်လာပြန်ပါပြီ။ စပိန်ဘောလုံးလောကအတွက်တော့ ဒီ ၂၀၂၄ ဟာ အမှတ်ရစရာ၊ ဂုဏ်ယူစရာကောင်းတဲ့နှစ်တစ်နှစ်ဖြစ်လာတယ်။ စပိန်လက်ရွေးစင်အသင်းကြီးက ယူရို-၂၀၂၄ မှာ ချန်ပီယံဖြစ်တယ်။ မကြာသေးမီက ယှဉ်ပြိုင်ခဲ့တဲ့ ဥရောပယူ-၁၉ ချန်ပီယံရှစ်မှာလည်း စပိန်ယူ-၁၉ အသင်းကချန်ပီယံဖြစ်ထားတယ်။ အခုပါရီအိုလံပစ်မှာလည်း စပိန်ရဲ့ ယူ-၂၃ အိုလံပစ်အမျိုးသားအသင်းကလည်း ဗိုလ်လုပွဲအထိတက်ရောက်နိုင်ခဲ့ပြီး ဆုတံဆိပ်တစ်ခုအတွက်သေချာနေပြီဆိုတော့ စပိန်ဘောလုံးလောကတစ်ခုလုံးအတွက် အခုချိန်က ပျော်မဆုံး၊ မော်မဆုံးတိုးတက်အောင်မြင်မှုတွေနဲ့ ဂုဏ်ယူစရာကာလတစ်ခုပါပဲ။

 

Most Read

Most Recent