ဂျိုင်းမြစ်ဝှမ်းဒေသရှိ မွန်ကျေးရွာ ၁၁ ရွာမှ နေရပ်စွန့်ခွာစစ်ဘေးရှောင်နေရသည့် ဒေသခံများအား အကူအညီပေးနိုင်ရေးအတွက် တွေ့ဆုံဆွေးနွေးပွဲ မော်လမြိုင်မြို့တွင် ပြုလုပ်

ဂျိုင်းမြစ်ဝှမ်းဒေသရှိ မွန်ကျေးရွာ ၁၁ ရွာမှ နေရပ်စွန့်ခွာစစ်ဘေးရှောင်နေရသည့် ဒေသခံများအား အကူအညီပေးနိုင်ရေးအတွက် တွေ့ဆုံဆွေးနွေးပွဲ မော်လမြိုင်မြို့တွင် ပြုလုပ်
ကျိုက်မရောမြို့နယ်ရှိ ကျောက်တောင်များတွင် စစ်ဘေးရှောင်နေသူများကို တွေ့ရစဉ်
ကျိုက်မရောမြို့နယ်ရှိ ကျောက်တောင်များတွင် စစ်ဘေးရှောင်နေသူများကို တွေ့ရစဉ်
Published 14 June 2024

ဂျိုင်းမြစ်ဝှမ်းဒေသရှိ မွန်ကျေးရွာ ၁၁ ရွာမှ နေရပ်စွန့်ခွာစစ်ဘေးရှောင်နေရသည့် ဒေသခံများအား အကူအညီပေးနိုင်ရေးအတွက် တွေ့ဆုံဆွေးနွေးပွဲကို ဇွန် ၁၂ ရက်က မော်လမြိုင်မြို့ရှိ သာသနာ(၂၅၀၀) မွန်ပရိယတ္တိဘုန်း ကြီးကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

ထိုတွေ့ဆုံဆွေးနွေးပွဲကို မွန်ကျေးရွာများ၊ မွန်ပြည်နယ်သူများ၊ စစ်ဘေးဒဏ်သင့်ခဲ့ခြင်း အခြေအနေကို ကျယ်ကျယ်ပြန့်ပြန့်သိရှိ နိုင်ရန်၊ စစ်ဘေးရှောင်များအား ကူညီရန်အတွက် ဖွဲ့စည်းထားပြီးဖြစ်သော စစ်ဘေးရှောင် ကူညီရေးအဖွဲ့၏လုပ်ငန်းများ၊ ဆောင်ရွက်နေခြင်းအခြေအနေကို အသိပေးတင်ပြန်ရန်နှင့် ရှေ့ဆက်စစ်ဘေးရှောင်ပြည်သူများ၏ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အမျိုး သားအဆင့်အနေဖြင့် ကျယ်ကျယ်ပြန့်ပြန့် လှုပ်ရှားဆောင်ရွက်နိုင်ရန် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ဆက်စပ်နိုင်ရန်အတွက် အမြင်များ အကြံပြုချက်များရယူနိုင်ရန်အတွက် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မွန်ရဟန်းသံဃာတော်များ၊ မွန်ပြည်သစ်ပါတီ၊ မွန်ညီညွတ်ရေးပါတီနှင့် မွန်အရပ်ဖက် အဖွဲ့အစည်းများ စုစည်းဖွဲ့စည်းထားသည့် စစ်ဘေးရှောင်ကူညီရေးအဖွဲ့အနေဖြင့် ကဏ္ဍရှစ်ခုဖြင့် လုပ်ငန်းစဉ်များ အကောင်အထည်ဖော်နိုင်ရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း စစ်ဘေးရှောင်ကူညီရေးအဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။

၎င်းင်းက ဆက်လက်ပြီးကဏ္ဍရှစ်ခုမှာ ဆိုရင် ဘဏ္ဍာငွေရှာဖွေရေး၊ စစ်ဘေးရှောင်ပြည်သူတွေအတွက် စားနပ်ရိက္ခာထောက်ပံ့ ကူညီပေးမယ့်ကဏ္ဍ၊ စစ်ကျန်စစ်လက်နက်ပစ္စည်းတွေနဲ့ ပတ်သက်လို့ အသိပညာပေး မယ့်ကဏ္ဍ၊ ပြန်လည်ထူထောင်ရေးလုပ်ငန်း တွေ လုပ်ဆောင်လို့ရှိ ကူညီဆောင်ရွက်ပေးမယ့်ကဏ္ဍ၊ သတင်းအချက်အလက်တွေ စုဆောင်းဖြန့်ဝေသွားမယ့် စတဲ့ကဏ္ဍတွေပါဝင်ပါတယ်ဟု ပြောကြားသည်။

စစ်ဘေးရှောင် ကူညီရေးအဖွဲ့အနေဖြင့် အခြားသောအဖွဲ့အစည်းများနှင့် ထိတွေ့ဆက် စပ်နိုင်ရေးအတွက် ကိုလည်း ကဏ္ဍတစ်ခုအ နေဖြင့် ထည့်သွင်းထားကြောင်း၊ ထို့ပြင် တည် ဆဲဥပဒေများနှင့်အညီ ဒေသခံများ အား အကာအကွယ်ပေးနိုင်အရေးအတွက်ကိုလည်း ဥပဒေဆိုင်ရာကဏ္ဍတစ်ခု ထည့်သွင်းထားကြောင်း နှင့် ရှေ့ဆက်ပဋိပက္ခများ ထပ်မံဖြစ်ပွားလာ ပါကလည်း မည်သို့ကြိုတင်ဆောင်ရွက်ရမည် ကိုလည်း ကဏ္ဍတစ်ခုအနေဖြင့် ပါဝင်ကြောင်း ၎င်းင်းက ဆိုသည်။

ဖြစ်ပေါ်လာတဲ့ အခြေအနေတွေအပေါ် မူတည်ပြီးတော့ လုပ်ငန်းကဏ္ဍအလိုက် ရှေ့ဆက်လုပ် ဆောင်သွားကြမှာပါဟု အဆိုပါ စစ်ဘေးရှောင်ကူညီရေးအဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။

အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ စစ်ဘေးဒဏ်သင့်ခဲ့ကြသော ကျိုက်မရောမြို့နယ်နှင့် ကော့ကရိတ်မြို့နယ်များရှိ ကျေးရွာပေါင်း ၃၀ မှ စစ်ဒဏ်သင့်ပြည်သူများ၊ သံဃာတော်များ၊ စစ်ဘေးရှောင်ကူညီရေးဆိုင်ရာ တက် ကြွလှုပ်ရှားသူများ စုစုပေါင်း ၂၇၀ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent