အီလွန်မတ်စ်သာ လက်ခံပါက ၎င်းအား အကြံပေးအဖြစ်ခန့်ရန် စဉ်းစားမည်ဟု ထရန့်ပြောကြား

အီလွန်မတ်စ်သာ လက်ခံပါက ၎င်းအား အကြံပေးအဖြစ်ခန့်ရန် စဉ်းစားမည်ဟု ထရန့်ပြောကြား
Published 20 August 2024

တက်စ်လာကားကုမ္ပဏီ၏စီအီးအို၊ ဘီလျံနာလုပ်ငန်းရှင် အီလွန်မတ်စ်အား အစိုးရအဖွဲ့ဝင်အဖြစ် သို့မဟုတ် အကြံပေးနေရာ၌ ခန့်ရန်စဉ်းစားပေးမည်ဟု ဒေါ်နယ်ထရန့်က ရိုက်တာသတင်းဌာနနှင့် သြဂုတ် ၁၉ ရက် အင်တာဗျူးတွင်ပြောခဲ့သည်။

လာမည့်ရွေး ကောက်ပွဲအတွက် မတ်စ်က ထရန့်ကိုထောက်ခံကြောင်း ပေါ်ပေါ်ထင်ထင်ပြလာပြီး X လူမှု ကွန်ရက်တွင် ထရန့်ကိုဖိတ်ပြီး အင်တာဗျူးပါပြုလုပ်ထားသေးသည်။“သူကအရမ်းထက် မြက်တဲ့လူပါ။ သူသာလက်ခံမယ်ဆို သူ့ကိုအကြံပေး ဒါမှမဟုတ် အစိုးရအဖွဲ့မှာခန့်ဖို့ သေချာပေါက်စဉ်းစားပေးမှာပါ”ဟု ထရန့်က ပြောကြားထားသည်ကို မတ်စ်ကလည်း ၎င်းဆန္ဒရှိပါသည်ဟု တုံ့ပြန်ထားသည်။

မတ်စ်သည် တချိန်က ထရန့်ကို ပြင်းပြင်းထန်ထန်ဝေဖန်သူဖြစ်သည်။ပြီးခဲ့သည့်ရွေးကောက်ပွဲ တွင် မတ်စ်က မည်သူ့အား မဲပေးခဲ့သည်ကို လိမ်ခဲ့သည်ဟုဆိုကာ ထရန့်ကစွပ်စွဲလိုက်ပြီး နောက် မတ်စ်၏အတိုက်အခံပြောမှုများ ထွက်လာသည်။

သို့သော်ယခုနောက်ပိုင်းတွင်  မတ်စ်က ထရန့်ကိုထောက်ခံမှုက သိသာလာခဲ့သည်။ ဂျိုးဘိုင်ဒင်နှင့်၎င်းဆက်ဆံရေးက အဆင်ပြေပြေမရှိခဲ့ဘဲ ၂၀၂၁ အိမ်ဖြူတော်  လျှပ်စစ်ကားဆွေးနွေးပွဲသို့ ဘိုင်ဒင်က မဖိတ်ခဲ့သဖြင့် ဘိုင်ဒင်ကိုမဲမပေးတော့ဟုလည်း ထိုစဉ်မတ်စ်က လူသိရှင်ကြားကြေညာခဲ့သည်။                                  

Ref: The Week

Most Read

Most Recent