Mpox ကာကွယ်ဆေး စောင့်ဆိုင်းနေသော ဒီအာကွန်ဂိုနိုင်ငံတွင် Mpox ကူးစက်မှုဖြစ်စဉ်များ တိုးလာနေ

Mpox ကာကွယ်ဆေး စောင့်ဆိုင်းနေသော ဒီအာကွန်ဂိုနိုင်ငံတွင် Mpox ကူးစက်မှုဖြစ်စဉ်များ တိုးလာနေ
ဒီအာကွန်ဂိုမြို့တော်ဂိုမာ၏မြောက်ပိုင်းရှိ Mpox ကုသရေးဌာနအပြင်ဘက်၌ ဆရာဝန်က Mpox ရောဂါအကြောင်းရှင်းပြနေပုံကို သြဂုတ် ၁၇ ရက်တွင်တွေ့ရစဉ်(Photo: AFP)
ဒီအာကွန်ဂိုမြို့တော်ဂိုမာ၏မြောက်ပိုင်းရှိ Mpox ကုသရေးဌာနအပြင်ဘက်၌ ဆရာဝန်က Mpox ရောဂါအကြောင်းရှင်းပြနေပုံကို သြဂုတ် ၁၇ ရက်တွင်တွေ့ရစဉ်(Photo: AFP)
Published 20 August 2024

ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ(ဒီ အာကွန်ဂို)သည် အမေရိကန်ပြည်ထောင်စုနှင့်ဂျပန်တို့ထံမှ ကာကွယ်ဆေးများကို စောင့်ဆိုင်းနေရစဉ် Mpox လူနာများနှင့် ယင်းရောဂါဖြင့်သေဆုံးမှုများ တိုးလာနေသည်ဟု သြဂုတ် ၁၉ ရက်တွင် ဒီအာကွန်ဂို ကျန်းမာရေးဝန်ကြီးက ပြောကြားခဲ့သည်။

ယခုနှစ်တွင်လူနာ ၁၆,၀၀၀ မှသေဆုံးသူအရေအတွက်သည် ရက်ပိုင်းအတွင်းတိုးလာခဲ့ပြီး  ကူးစက်လူနာ ၁၆,၇၀၀ ဦးတွင် သေဆုံးသူ ၅၄၈ ဦးရှိနေကာ သေဆုံးသူ ၅၇၀ ကျော်ရှိနေသည်ဟု ကျန်းမာရေးဝန်ကြီးဆမ် မြူရယ်ရော်ဂျာကမ်ဘာက ပြောကြားခဲ့သည်။

“ကျွန်တော်တို့ဟာ တိုက်နဲ့သက်ဆိုင်တဲ့ရေးပေါ်အခြေအနေကို ပြောနေတာပါ”ဟု သတင်းစာရှင်းလင်းပွဲတွင် ကမ်ဘာက ပြောကြားခဲ့သည်။ သက်ရောက်သည့်နိုင်ငံများအနေဖြင့် ပိုမိုပြင်းထန်သော Mpox ဗိုင်းရပ်စ်ကို တန်ပြန်ရန်ကာကွယ်ဆေးအစီ အစဉ်များအားမြင့်တင်ကြရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြောကြားခဲ့သည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က အာဖရိကတိုက်တွင် Mpox ကူးစက်မှု မြင့်တက်လာခြင်းကို ကမ္ဘာလုံးဆိုင်ရာ ပြည်သူ့ကျန်းမာရေးအရေပေါ်အခြေအနေအဖြစ် သြဂုတ် ၁၄ ရက်တွင် ကြေညာခဲ့သည်။

Mpox ကူးစက်ရောဂါသည် ဇူလိုင်ကတည်းက ဘူရွန်ဒီ၊ ကင်ညာ၊ ရဝမ်ဒါ၊ ယူဂန္ဓာတို့၌ ဖြစ်ပွားနေခဲ့သည်။ Mpox ဗိုင်းရပ်စ်ပိုးသစ်ကို ဆွီဒင်နိုင်ငံတွင်လည်း တွေ့ရှိထားသည်။

အမေရိကန်ပြည်ထောင်စုက ဒီအာကွန်ဂိုနိုင်ငံကို Mpox ကာကွယ်ဆေး ၅၀,၀၀၀ ပေးမည်ဟု ကတိပေးထားပြီး ဂျပန်ကလည်းကလေးများအတွက် Mpox ကာကွယ်ဆေး ၃ ဒသမ ၅ သန်းပို့ပေးရန် သြဂုတ် ၁၉ ရက်တွင် သဘောတူခဲ့သည်ဟု အမည်မဖော်လိုသော ဆေးဘက်ဆိုင်ရာ သတင်းအရင်းအမြစ်က အေအက်ဖ်ပီကို ပြောကြားခဲ့သည်။

ဒီအာကွန်ဂိုသည် ကလေး ၃ ဒသမ ၅ သန်းအပါအဝင် လူလေးသန်းကိုကာကွယ်ဆေးထိုးနှံပေးရန် စီစဉ်နေသည်ဟု အဆိုပါသတင်းအရင်းအမြစ်က ပြောကြားသည်။

“နောက်တစ်ပတ်မှာ ကာကွယ်ဆေးတွေ ရောက်လာတာကို ကျွန်တော်တို့မြင်ရမယ်လို့ထင်ပါတယ်”ဟု ကျန်းမာရေးဝန်ကြီး ကမ်ဘာက ပြောကြားခဲ့သည်။

“ကာကွယ်ဆေးဟာ ကျွန်တော်တို့ရဲ့ ပြဿနာတွေအတွက် အဖြေဖြစ်ပါတယ်”ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့ပြီး ပြည်သူများကာကွယ်ဆေးထိုးနှံကြရန် တိုက်တွန်းခဲ့သည်။

“ကျွန်တော်တို့ရဲ့မဟာဗျူဟာမြောက် ကာကွယ်ဆေးထိုးနှံရေး အစီအစဉ်ဟာာ အဆင်သင့်ပါပဲ။ ကာကွယ်ဆေးတွေရောက်လာတာကို ကျွန်တော်တို့ စောင့်နေတာဖြစ်ပါတယ်”ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

လူဦးရေသန်း ၁၀၀ နီးပါးရှိသော ဒီအာကွန်ဂိုနိုင်ငံရှိ ပြည်နယ် ၂၆ ခုစလုံးတွင် ယခုအခါ ကူးစက်လူနာများရှိနေသည်ဟု သိရသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့က Mpox ကို နိုင်ငံတကာ စိုးရိမ်ရသည့် ပြည်သူ့ကျန်းမာ ရေးအရေးပေါ်အခြေအနေအဖြစ်ကြေညာခဲ့ပြီး Mpox ကူးစက်ရောဂါကို WHO ၏ အမြင့်ဆုံးသတိပေးချက် အမျိုးအစားထဲတွင် ထည့်သွင်းထားသည်။

အစောပိုင်းက မျောက်ကျောက်ဟု အမည်ပေးခဲ့သည့် Mpox  ရောဂါသည် ဗိုင်းရပ်စ်ကူးစက်ခံထားရသည့် တိရစ္ဆာန်များမှတစ်ဆင့် လူသားများထံ ကူးစက်ပြီး လူတစ်ဦးနှင့်တစ်ဦး အနီးကပ်ထိတွေ့မှုမှ ကူးစက်နိုင်သည်။

ကနဦး လက္ခဏာရပ်များတွင် အဖျားတက်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ရောင်ရမ်းခြင်း၊ ခါးနာခြင်းနှင့် ကြွက်သားများ နာကျင်ခြင်းတို့ ပါဝင်သည်။

အဖျားပျောက်သွားသည့်အခါအဖုအပိမ့် များထွက်လာပြီးမျက်နှာမှ စတင်ကာ ခန္ဓာကိုယ်၏အခြားနေရာများသို့ ပျံ့နှံ့သွားတတ်သည်။ အများအားဖြင့် လက်ဖဝါးနှင့် ခြေဖဝါးတို့တွင်အဖြစ်များသည်ဟု ဆရာဝန်များက ပြောကြားသည်။

Ref: AFP

Most Read

Most Recent