ယူကရိန်းက ရုရှား၏ကာ့ရှ်ဒေသ၌ နယ်မြေထိန်းချုပ်မှု ပိုများလာသည့်တိုင် ရုရှားနိုင်ငံက ယူကရိန်းနှင့်  ငြိမ်းချမ်းရေး ဆွေးနွေးမှုမှန်သမျှကို ပယ်ချ

ယူကရိန်းက ရုရှား၏ကာ့ရှ်ဒေသ၌ နယ်မြေထိန်းချုပ်မှု ပိုများလာသည့်တိုင် ရုရှားနိုင်ငံက ယူကရိန်းနှင့်  ငြိမ်းချမ်းရေး ဆွေးနွေးမှုမှန်သမျှကို ပယ်ချ
ရုရှား၏ကာ့ရှ်ဒေသ၌ ယူကရိန်း-ရုရှားထိန်းချုပ်ထားသာ ဆာ့ခါမြို့၌ ရုရှားတင့်ကား ပျက်စီးနေပုံကို သြဂုတ် ၁၆ ရက်တွင် တွေ့ရစဉ်(Photo: AFP)
ရုရှား၏ကာ့ရှ်ဒေသ၌ ယူကရိန်း-ရုရှားထိန်းချုပ်ထားသာ ဆာ့ခါမြို့၌ ရုရှားတင့်ကား ပျက်စီးနေပုံကို သြဂုတ် ၁၆ ရက်တွင် တွေ့ရစဉ်(Photo: AFP)
Published 20 August 2024

ယူကရိန်းက ရုရှားနယ်မြေထဲကို ဝင်ရောက်တိုက်ခိုက်သည့် စစ်ဆင်ရေးတွင် လောလောလတ်လတ် တိုးတက်မှုများရရှိနေကြောင်း ပြောကြားခြင်းဖြင့် ကိယက်ဗ်က ကရင်မလင်ကို ဖိအားများပေးနေသည့်တိုင် ယူ ကရိန်းနှင့်ငြိမ်းချမ်းရေးဆွေးနွေးပွဲများလုပ် ဆောင်ခြင်းကို သြဂုတ် ၁၉ ရက်တွင် ရုရှားက ငြင်းဆန်ခဲ့သည်။

ယူကရိန်းက ရုရှားနယ်မြေထဲ၌လုပ်ဆောင်နေသော ထိုးစစ်တွင်လောလောလတ် လတ်တိုးတက်မှုများရရှိခဲ့သည်ဟုပြောကြားခဲ့ပြီး ဒုတိယကမ္ဘာစစ်နောက်ပိုင်း ပြည်ပစစ်တပ်က ရုရှားနယ်မြေကို အကြီးမားဆုံးဝင် ရောက်တိုက်ခိုက်မှုအတွင်း ရုရှားနယ်မြေများကို ပိုမိုသိမ်းပိုက်ခဲ့သည်ဟု ဆိုသည်။

ဒုတိယကမ္ဘာစစ်နောက်ပိုင်း ရုရှားနယ်မြေကို ပြည်ပစစ်တပ်၏အကြီးမားဆုံးဝင် ရောက်ကျူးကျော်မှုအတွင်း ယူကရိန်းစစ်တပ်သည် သြဂုတ် ၆ ရက် တွင် ကာ့ရှ်ဒေသကို ဝင်ရောက်လာခဲ့ခြင်းဖြစ်ပြီး ရုရှားမြို့ရွာများကို နေ့တိုင်းသိမ်းပိုက်နေသည်ဟု ယူကရိန်းစစ်တပ်က ပြောကြားခဲ့သည်။

ယူကရိန်းသည် ယခုအခါ စတုရန်းကီ လိုမီတာ ၁,၂၅၀(စတုရန်းမိုင် ၄၈၀)နှင့်မြို့ရွာ ၉၂ ခုကို ထိန်းချုပ်ထားပြီဟု သမ္မတ ဗိုလိုဒီမာဇယ်လန်းစကီးက ပြောကြားခဲ့သည်။

ယူကရိန်းသည် မိမိ၏ရည်မှန်းချက်များကို ရရှိနေသည်ဟု ဇယ်လန်းစကီးကပြောကြားခဲ့သည်။ ယူကရိန်းရည်မှန်းချက်ထဲတွင် ရုရှားစစ်သားများကို စန့်ထုတ်ပစ်သည့် လုပ်ဆောင်မှုပါဝင်နေပြီး ရုရှားနယ်မြေထဲ၌ ကြားခံဇုန်ထူထောင်ခြင်းနှင့် မျှတမှုရှိသော သဘောတူညီချက်များဖြင့် စစ်ပွဲပြီးသွားစေရန် ကြိုးပမ်းမှုတို့ပါဝင်နေသည်ဟု ယူကရိန်း တာဝန်ရှိသူများက ယခင်က ပြောကြားခဲ့သည်။

ယူကရိန်းအရှေ့ပိုင်းတွင် ရုရှားစစ်ချီမှု ရပ်သွားစေရန်လည်းကောင်း၊ တာဝေးပစ်ဒုံးကျည်များကို ရုရှားနယ်မြေထဲတွင် အသုံးပြုခွင့်ပေးရန်လည်းကောင်း မိတ်ဖက်နိုင်ငံများကို တိုက်တွန်းထားသည်ဟု သံအမတ်များကို မိန့်ခွန်းပြောကြားရာတွင် ဇယ်လန်းစကီးက ထည့်သွင်းပြောကြားခဲ့သည်။

“ယူကရိန်းဟာ တာဝေးပစ်စွမ်းရည်တွေနဲ့သက်ဆိုင်တဲ့ မိမိမိတ်ဖက်နိုင်ငံတွေ ဆီကလာမယ့် တစ်ခုတည်းသောဆုံးဖြတ်ချက်ကြောင့် ရှေ့တန်းမှာ ရုရှားစစ်တပ်ရဲ့စစ်ချီမှုကို ဟန့်တားဖို့ တားမြစ်ခံထားရပါတယ်” ဟု ဇယ်လန်းစကီးက ပြောကြားခဲ့သည်။

ကြန့်ကြာမှုများက ဒိုးနက်အရှေ့ပိုင်းဒေသ၌ ရုရှားလုပ်ဆောင်နေသောထိုးစစ်ကို ပ့ံပိုးမှုဖြစ်သည်ဟု ၎င်းက ပြောကြားခဲ့သည်။

ယူကရိန်းသည် နယ်စပ်ဒေသရှိပြည်သူများကို အကာအကွယ်ပေးရန် ပိုမိုအားကောင်းသော လက်နက်များကို အသုံးပြုနိုင်မည်ဆိုပါက ကာ့ရှ်ဒေသကို ဝင်ရောက်ကျူးကျော်မှု လိုအပ်လိမ့်မည်မဟုတ်ဟု ၎င်းက ဖြည့်စွက် ပြောကြားခဲ့သည်။

ကာ့ရှ်ထိုးစစ်တွင် တိုးတက်မှုများရရှိနေသည့်အကြောင်းအား မိမိ၏မဟာမိတ်များကို အသိပေးခြင်းမရှိဟု ဇယ်လန်းစကီးကပြောကြားခဲ့ပြီး ယင်းသို့ကျူးကျော်ခြင်းကိုမဟာမိတ်တို့က အတိုက်အခံလုပ်လိမ့်မည်ဟု ဆို သည်။

“စစ်ပွဲနဲ့ပတ်သက်လို့ မိတ်ဖက်အချို့ရဲ့ အဓိကအကဲဖြတ်ချက်ဖြစ်တဲ့ ရုရှားမျဉ်းနီတွေကို မဖြတ်ရဘူးဆိုတဲ့ ရိုးရှင်းပြီး မရေရာတဲ့ အယူအဆဟာ ယူကရိန်းစစ်ချီပြီးကတည်းက ပြိုလဲသွားခဲ့ပါတယ်”ဟု ဇယ်လန်းစကီးက   ပြောကြားခဲ့သည်။                          

Ref: AFP

Most Read

Most Recent