ယူရိုအောင်ပွဲခံသီချင်းအတွက် ဟာလန်း၏လက်စားချေခြင်း ခံလိုက်ရပြီးနောက် ချယ်လ်ဆီးနောက်ခံလူ ကူကူရယ်လာအား ပါးစပ်ပိတ်ထားရန် ပီတစ် အကြံပေး

ယူရိုအောင်ပွဲခံသီချင်းအတွက် ဟာလန်း၏လက်စားချေခြင်း ခံလိုက်ရပြီးနောက် ချယ်လ်ဆီးနောက်ခံလူ ကူကူရယ်လာအား ပါးစပ်ပိတ်ထားရန် ပီတစ် အကြံပေး
Photo : Daily Mail
Photo : Daily Mail
Published 22 August 2024

အာဆင်နယ်နှင့် ချယ်လ်ဆီးကစားသမားဟောင်း ပီတစ်က ယူရိုအောင်ပွဲခံသီချင်းအတွက် မန်စီးတီးတိုက်စစ်မှူး ဟာလန်း၏လက်စားချေခြင်းကို ခံလိုက်ရသည့် ချယ်လ်ဆီး နောက်ခံလူ ကူကူရယ်လာအား ပါးစပ်ပိတ်ထားရန် အကြံပေးခဲ့သည်။

ချယ်လ်ဆီးနောက်ခံလူ ကူကူရယ်လာသည် ယူရို ၂၀၂၄ ပြိုင်ပွဲတွင် စပိန်အသင်းကို ဗိုလ်စွဲအောင် ကူညီပေးခဲ့ပြီး မထင်မှတ်ဘဲ အဓိကကစားသမားအဖြစ် ခြေစွမ်းပြခဲ့သူဖြစ်သည်။

ယူရိုချန်ပီယံဆုနှင့် စပိန်တွင် အောင်ပွဲခံရာ၌ ကူကူရယ်လာက ဂုဏ်ပြုသီချင်းသီဆိုခဲ့ရာ မန်စီးတီးတိုက်စစ်မှူး ဟာလန်းကို လှောင်ပြောင်ခဲ့ခြင်းဖြစ်သည်။

ကူကူရယ်လာ(၂၆ နှစ်)သည် ၎င်း၏အောင်ပွဲခံသီချင်း၌ မန်စီးတီးတိုက်စစ်မှူး ဟာလန်းအနေဖြင့် မိမိနှင့်ရင်ဆိုင်ရမည်ကိုတွေးပြီး တုန်လှုပ်နေလိမ့်မည်ဟု လှောင်ပြောင်ခဲ့ ခြင်းဖြစ်သည်။

သို့သော် ပရီးမီးယားလိဂ်ပွဲစဉ် (၁) ချယ်လ်ဆီး (ဝ-၂)မန်စီးတီးပွဲတွင် ဟာလန်းသည် ကူကူရယ်လာတားဆီးနေသည့်ကြားမှ ဂိုးသွင်းယူခဲ့ရာ ၎င်းမှာ ပရိသတ်များ၏ လှောင်ပြောင်ခြင်းခံခဲ့ရသည်။

ယခုအခါ ပီတစ်က "ကူကူရယ်လာကို ဟာလန်းကျော်ပြီးဂိုးသွင်းတာ ဝဋ်ပြန်လည်တာပါပဲ။ ကျွန်တော်တို့ ဘောလုံးကစားတုန်းက ပြိုင်ဘက်အကြောင်း သိပ်မပြောဖို့ ပြောလေ့ရှိကြတယ်။ ပြိုင်ဘက်ကို ပြောတာက သူ့ ကို စိတ်အားပိုတက်ကြွစေပါတယ်။ အခု ဟာလန်းလိုပေါ့။ ကူကူရယ်လာလည်း သင်ခန်းစာရမယ်ထင်တယ်။ ပါးစပ်ပိတ်ထားပါ။ နှိမ့်ချတတ်ပါစေ" ဟု ပြောကြားခဲ့သည်။ 

Most Read

Most Recent