ရေကြီးခြင်းကြောင့် ပြေးဆွဲမှု ယာယီရပ်ဆိုင်းထားသည့် ပုသိမ်-ဟင်္သာတ-ကြံခင်းရထားလမ်းပိုင်း၌ ရထားခရီးစဉ်များ ပြန်လည်ပြေးဆွဲ

ရေကြီးခြင်းကြောင့် ပြေးဆွဲမှု ယာယီရပ်ဆိုင်းထားသည့် ပုသိမ်-ဟင်္သာတ-ကြံခင်းရထားလမ်းပိုင်း၌ ရထားခရီးစဉ်များ ပြန်လည်ပြေးဆွဲ
Published 21 August 2024

ရေကြီးခြင်းကြောင့်  ပြေးဆွဲမှု ယာယီ ရ ပ်ဆိုင်းထားသည့် ပုသိမ်-ဟင်္သာတ-ကြံခင်း ရထားလမ်းပိုင်း၌ သြဂုတ် ၂၀ ရက်မှစ၍ ရထားခရီးစဉ်များ ပြန်လည်ပြေးဆွဲကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ သိရသည်။

မိုးရာသီကာအတွင်း ဇူလိုင် ၂၇ ရက်မှ စ၍ ဧရာဝတီတိုင်းဒေသကြီးအတွင်း မိုးသည်း ထန်စွာရွာသွန်းလျက်ရှိပြီး ရေကြီးရေလျှံမှု များကြောင့် မြန်မာ့မီးရထား၏ ပုသိမ်-ဟင်္သာတ-ကြံခင်း ရထားလမ်းပိုင်းအတွင်း ကျောင်းကုန်းမြို့နယ်၊ ကန်ကြီးထောင့်မြို့ နယ်နှင့် ရေကြည်မြို့နယ်တို့အတွင်း နေရာ အချို့တွင် ရထားသံလမ်းပေါ်သို့ ရေကျော် တက်ခြင်း၊ ရထားတံတားအချို့၏ ရေလယ် တိုင်နှင့် ကမ်းကပ်ခုံများ ရေတိုက်စားခံရခြင်း တို့ ကြုံတွေ့ခဲ့ရသဖြင့် ရထားခရီးစဉ်များကို ယာယီရပ်နားထားခဲ့ရပြီး ရေကျော်စီးဆင်းနေ သောနေရာများတွင် ရေကင်းစောင့်ဝန်ထမ်း များ နေ့ညမပြတ် တာဝန်ချထား၍ စောင့် ကြည့်ခြင်း၊ ရေကျသွားသည့် ရထားလမ်းပိုင်း အတွင်း မြန်မာ့မီးရထားတာဝန်ရှိသူများ နှင့် လုပ်သားများက သံလမ်းပြေးယာဉ်  RGC များ အသုံးပြု၍ ကျောက်များချခြင်း၊ ရထား လမ်းနှင့် တံတားများ၏ ကြံ့ခိုင်ရေးလုပ်ငန်း များကို နေ့စဉ်စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လက်ရှိတွင် ဂြုတ် ၁၉ ရက် တိုင်းတာစစ် ဆေးချက်များအရ ဇရပ်လှ-ရေကြည် လမ်း ပိုင်းအတွင်း သံလမ်းမျက်နှာပြင်အောက် တစ်လက်မခန့်အထိ ရေများပြန်လည် ကျ ဆင်းသွားပြီဖြစ်သဖြင့် ရထားလမ်းပိုင်းနှင့် တံတားကြံ့ခိုင်မှုများ စစ်ဆေးမှုအရ ရထား များ ဖြတ်သန်းစေလွှတ်နိုင်ပြီဖြစ်၍ သံလမ်း ပြေးယာဉ်RGC များဖြင့် စမ်းသပ်ပြေးဆွဲခဲ့ ကြောင်း သိရသည်။

ယင်းနောက် ဂြုတ် ၁၉ ရက် နံနက် ၉ နာရီတွင် လမ်းပိုင်းပြန်လည်ဖွင့်လှစ်ခဲ့ပြီး သြဂုတ် ၂၀ ရက်မှစ၍ ပုသိမ်-ဟင်္သာတ-ကြံ ခင်း ရထားလမ်းပိုင်းတွင် ယာယီရပ်နားထား သော အမှတ် (၁၈၁) အဆန် လူစီးအမြန် ရထားကို ပုသိမ်မှကြံခင်းသို့လည်းကောင်း၊ အမှတ်(၁၈၂)အစုန်လူစီး အမြန်ရထားကို ဟင်္သာတမှ ပုသိမ်သို့လည်းကောင်း ပြေးဆွဲ ပေးခဲ့ကြောင်း သိရသည်။

အလားတူ ခရီးစဉ်အစအဆုံးဖြစ်သည့် ပုသိမ်-ဟင်္သာတ-ကြံခင်း အစုန်/အဆန် ရထားများကို သြဂုတ် ၂၁ ရက်မှစတင်၍ ပုံမှန်အတိုင်းပြန်လည်ပြေးဆွဲပေးသွားမည် ဖြစ်ပါကြောင်းနှင့် မြန်မာ့မီးရထားအနေဖြင့် အများပြည်သူခရီးသွားလာမှုနှင့် ကုန်စည်ပို့ ဆောင်မှုအဆင်ပြေချောမွေ့မြန်ဆန်စေရေး အတွက် ရထားလမ်းနှင့် အခြေခံအဆောက် အ အုံ များ ပိုမိုတိုးတက်ကောင်းမွန်လာစေရေး၊ ရထားပို့ဆောင်ရေးစနစ် အဆင့်မြှင့်တင်ရေး စီမံကိန်းလုပ်ငန်းများကို ရည်မှန်းချက်ထား ရှိ၍ အစဉ်တစိုက်အလေးထား စီမံဆောင် ရွက် ပေးလျက်ရှိကြောင်း သိရသည်။

Most Read

Most Recent