■ ဆော်ဒီမှ ကမ်းလှမ်းမှုများရှိသော်လည်း ရီးယဲလ်ကို ရူဒီဂါ မစွန့်ခွာလို     

■ ဆော်ဒီမှ ကမ်းလှမ်းမှုများရှိသော်လည်း ရီးယဲလ်ကို ရူဒီဂါ မစွန့်ခွာလို     
Photo: Getty Images
Photo: Getty Images
Published 26 July 2024

ရီးယဲလ်မက်ဒရစ်အသင်းမှ ဂျာမန်နောက်ခံလူ ရူဒီဂါသည် ဆော်ဒီကလပ်အသင်းများထံမှ တန်ဖိုးကြီးမားသည့် ကမ်းလှမ်းမှုများ ရှိနေသော်လည်း လက်ရှိအသင်းကို စွန့်ခွာလိုခြင်းမရှိကြောင်း သိရသည်။ 

ရီးယဲလ်အသင်းနှင့် ၂၀၂၆ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားသည့် ရူဒီဂါ(၃၁ နှစ်)ကို ဆော်ဒီကလပ်များဖြစ်သည့် အယ်လ်နာဆာ၊ အယ်လ်ဟီလာနှင့် အယ်လ်အစ်တီဟတ်အသင်းတို့က ခေါ်ယူရန် ကြိုးပမ်းနေကြကြောင်း သိရသည်။ 

အယ်လ်အစ်တီဟတ်အသင်းက ရူဒီဂါအား မြင့်မားသည့် လစာနှုန်းထားဖြင့် ကမ်းလှမ်းထားကြောင်း စပိန်မီဒီယာများက ဖော်ပြနေကြသည်။ 

သို့သော် ရူဒီဂါက လက်ရှိအချိန်တွင် ရီးယဲလ်နှင့် လမ်းခွဲလိုခြင်းမရှိသေးသည့်အတွက် ဆော်ဒီသို့ ပြောင်းရွှေ့မည်မဟုတ်ကြောင်း နာမည်ကျော်ဂျာနယ်လစ် ဖာဘရီဇီယိုရိုမာနိုက သုံးသပ်ခဲ့သည်။

Most Read

Most Recent