ဝေဖန်ခံနေရသည့် လူကာကူကို ဒီဘရိုင်းနား ကာကွယ်

ဝေဖန်ခံနေရသည့် လူကာကူကို ဒီဘရိုင်းနား ကာကွယ်
Photo: KDB4K
Photo: KDB4K
Published 27 June 2024

ဘယ်လ်ဂျီယံအသင်းခေါင်းဆောင် ဒီဘရိုင်းနားက ဝေဖန်ခံနေရသည့် တိုက်စစ်မှူး လူကာကူကို ကာကွယ်ပြောကြားခဲ့သည်။

လူကာကူ (၃၁ နှစ်)သည် ယူရိုပြိုင်ပွဲတွင် အပိုင်ဂိုးသွင်းခွင့်များကို အသုံးချနိုင်ခြင်း မရှိသောကြောင့် ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသည်။

သို့သော် ဒီဘရိုင်းနားက ''လူကာကူ ကစားတာ ကောင်းပါတယ်။ သူက တစ်ကိုယ်ကောင်းမဆန်ဘဲ ကစားနေတာပါ။ ရိုမေးနီးယားနဲ့ပွဲမှာ တီလေမန်းစ်အတွက် ဖန်တီးပေးခဲ့တာကို ခင်ဗျားတို့ တွေ့မှာပါ။ သူဟာ ယူရိုပြိုင်ပွဲမှာ ခြေစွမ်းပြနေတာပါ''ဟု ပြောကြားခဲ့သည်။ 

Most Read

Most Recent