မိမိတို့အားသာချက်မှာ စည်းလုံးမှုဖြစ်သည်ဟု ပတ်ဒရီ ဆို

မိမိတို့အားသာချက်မှာ စည်းလုံးမှုဖြစ်သည်ဟု ပတ်ဒရီ ဆို
Photo: BarcaTimes
Photo: BarcaTimes
Published 13 June 2024

စပိန်ကွင်းလယ်ကစားသမား  ပတ်ဒရီက မိမိတို့အသင်း၏ အားသာချက်မှာ စည်းလုံးမှုဖြစ်ကြောင်း ပြောကြားခဲ့သည်။

နည်းပြ ဒယ်လာဖွန်တေ ရွေးချယ်ထားသည့် စပိန်အသင်းတွင် လူငယ်ကစားသမားများစွာ ပါဝင်နေသည်။

ယူရိုပြိုင်ပွဲဝင်မည့် စပိန်ကစားသမား (၂၆) ဦးစာရင်းတွင် လက်ရွေးစင်အသင်းအတွက် (၁၀) ပွဲနှင့်အောက် ကစားထားသည့် ကစားသမား (၁၁) ဦးအထိ ပါဝင်နေကြောင်း သိရသည်။

ထို့ကြောင့် စပိန်အသင်းသည် ယူရို ၂၀၂၄ ပြိုင်ပွဲတွင် ဗိုလ်စွဲရန်ရေပန်းစားသည့်အသင်းစာရင်းတွင် အဆင့် (၅) နေရာသာ ရပ်တည်နေသည်။

ပတ်ဒရီက ''ကျွန်တော်တို့အသင်းရဲ့ အဓိကအားသာချက်က အသင်းလိုက်စည်းလုံးမှုပါပဲ။ ကျွန်တော်တို့အသင်းဟာ ကွင်းအတွင်းမှာရော ကွင်းပြင်ပမှာပါ မိသားစုတွေလိုပါပဲ။ ကျွန်တော်တို့ကို အသင်းမှာ အထိုင်ကျအောင် ကူညီပေးတဲ့ ကစားသမားများစွာရှိပြီး ဒါက လူငယ်ကစားသမားတွေအတွက် အရမ်းကောင်းပါတယ်''ဟု ဆိုခဲ့သည်။

Most Read

Most Recent