လီဗာပူးလ်ကစားသမားများဖြစ်သည့် လူးဝစ်ဒီယက်ဇ်နှင့် ဂျိုးဂိုးမက်ဇ်တို့ကို ခေါ်ယူရန်  ဆော်ဒီကလပ်များ ပစ်မှတ်ထား

လီဗာပူးလ်ကစားသမားများဖြစ်သည့် လူးဝစ်ဒီယက်ဇ်နှင့် ဂျိုးဂိုးမက်ဇ်တို့ကို ခေါ်ယူရန်  ဆော်ဒီကလပ်များ ပစ်မှတ်ထား
Photo: Daily Mail
Photo: Daily Mail
Published 1 June 2024

 

ဆော်ဒီပရိုလိဂ်ကလပ်အသင်းများသည် ယခုနွေရာသီအပြောင်းအရွှေ့ကာလတွင် လီဗာပူးလ်ကစားသမားများဖြစ်သည့် တိုက်စစ်ကစားသမား ဒီယက်ဇ်နှင့် နောက်ခံကစားသမား ဂျိုးဂိုးမက်ဇ်တို့ကို ခေါ်ယူရန် ပစ်မှတ်ထားနေကြောင်း ဗြိတိန်သတင်းစာ Daily Mail က ဖော်ပြခဲ့သည်။ 

ဆော်ဒီပရိုလိဂ်ကလပ်များအနေဖြင့် လာမည့် ၂၀၂၄-၂၅ ရာသီတွင် အသင်းတစ်သင်းလျှင် နိုင်ငံခြားကစားသမား ဆယ်ဦးအထိ စာရင်းသွင်းခွင့်ရှိနေသဖြင့် ယခုနွေတွင် ဥရောပတွင် ကစားနေသည့် ထိပ်တန်းကစားသမားများကို ကြေးကြီးပေးခေါ်ယူရန် စီစဉ်လာခြင်းလည်းဖြစ်သည်။ 

ဒီယက်ဇ်(၂၇ နှစ်)နှင့် ဂိုးမက်ဇ်(၂၇ နှစ်)တို့ သည် ၂၀၂၃-၂၄ ရာသီတွင် လီဗာပူးလ်အတွက် ခြေစွမ်းပြခဲ့သူများဖြစ်သည်။ ဆော်ဒီကလပ်များသည် ဒီယက်ဇ်နှင့် ဂိုးမက်ဇ်အပြင် အယ်လစ်ဆန်၊ အီဒါဆန်၊ ဒီဘရိုင်းနားတို့လို ထိပ်တန်းကစားသမားများကိုလည်း ခေါ်ယူရန် ပစ်မှတ်ထားနေကြောင်း သိရှိရသည်။ 

Most Read

Most Recent