နောင်ချိုမြို့နယ်တွင် ကျပ် ၄ ဒသမ ၇၅ ဘီလျံကျော်တန်ဖိုးရှိ ဘိန်းဖြူ၊ စိတ်ကြွ ရူးသွပ်ဆေးပြားနှင့် ဘိန်းဆီခဲများ ဖမ်းဆီးရမိ

နောင်ချိုမြို့နယ်တွင် ကျပ် ၄ ဒသမ ၇၅ ဘီလျံကျော်တန်ဖိုးရှိ ဘိန်းဖြူ၊ စိတ်ကြွ ရူးသွပ်ဆေးပြားနှင့် ဘိန်းဆီခဲများ ဖမ်းဆီးရမိ
Published 29 May 2024
ပြည့်စုံ (မူဆယ်)

ရှမ်းပြည်နယ် (မြောက်ပိုင်း) နောင်ချိုမြို့ နယ်  ရပ်စောက်-နောင်ချိုသွားကားလမ်း မကျည်းရေကျေးရွာအနီးတွင် မေ ၁၉ ရက် ည ၁၀ နာရီခန့်က ကျပ် ၄ ဒသမ ၇၅ ဘီလျံကျော် တန်ဖိုးရှိ ဘိန်းဖြူ၊ စိတ်ကြွ ရူးသွပ်ဆေးပြားနှင့် ဘိန်းဆီခဲများ ဖမ်းဆီးရမိခဲ့ပြီး ကားသုံးစီးနှင့်  သယ်ဆောင်သူ၊ အားပေးကူညီသူနှင့် လက်ခံ သူ စုစုပေါင်းရှစ်ဦး ဖမ်းဆီးရရှိခဲ့ကြောင်း သိရ သည်။

အဆိုပါဖမ်းဆီးရရှိမှုဖြစ်စဉ်မှာ မူးယစ် ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များ နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သော ပူး ပေါင်းအဖွဲ့သည် ရှမ်းပြည်နယ် ရပ်စောက် ဘက်မှ နောင်ချိုဘက်သို့ စိုင်းဖောင်း မောင်းနှင် ပြီး မင်းပိုင်ထူး လိုက်ပါလာသည့် Dongfeng Truck  မော်တော်ယာဉ်ကို သတင်းအရ ရှာဖွေ ရာ ယာဉ်ပေါ်တွင် ဖွဲအိတ်များဖြင့် ဖုံးအုပ်သယ် ဆောင်လာသည့် ဘိန်းဖြူ၊ စိတ်ကြွရူးသွပ် ဆေးဝါးနှင့် ဘိန်းဆီခဲများကို  ဖမ်းဆီးရရှိခဲ့ခြင်း ဖြစ်သည်။

အဆိုပါဖမ်းဆီးရရှိမှုများမှာ ဒေသကာ လတန်ဖိုး ကျပ် ၄ ဒသမ ၇၅ ဘီလျံကျော် တန် ဖိုးရှိ ဘိန်းဖြူ ၁၂၃ ဒသမ ၂ ကီလို၊ စိတ်ကြွ ရူး သွပ်ဆေးပြား ၅ ဒသမ ၆၅ သန်းနှင့် ဘိန်းဆီခဲ ၅၂ ကီလိုတို့ကို သိမ်းဆည်းရမိခဲ့ပြီး ဖမ်းဆီးရ မိ မူးယစ်ဆေးဝါးများ သယ်ဆောင်လာသည့် ယာဉ်နှင့် ရှေ့နောက်လိုက်ပါ၍ မူးယစ်ဆေးဝါး များ သယ်ဆောင်ရာတွင် ပူးပေါင်းပါဝင်သည့် မျိုးမင်းထွန်းနှင့် ကျော်သက်ဦးတို့အား   NISSAN AD VAN မော်တော်ယာဉ်နှင့်လည်းကောင်း၊ အေးကျော် (ခ) ကျော်နိုင်နှင့် ဟိန်းထက်အောင် တို့အား TOYOTA PROBOXမော်တော် ယာဉ်နှင့်လည်းကောင်း ဖမ်းဆီးရမိခဲ့ပြီး ဖမ်း ဆီးရမိ မူးယစ်ဆေးဝါးများအား ရှမ်းပြည်နယ် မှ မန္တလေးတိုင်းဒေသကြီးသို့ တာဝန်ခံသယ် ဆောင်သူ ကိုပြည့် (ခ) ပြည့်ဖြိုးသူ (ခ) မင်း မြတ်နိုင် နှင့် မထွယ်ဆန်အိန်တို့အား မေ ၂၂ ရက် ည ၇ နာရီခွဲတွင် မဟာအောင်မြေမြို့နယ် ရဲမွန်တောင်ရပ်ကွက် ၃၈ စီလမ်း ၅၄ x ၅၅ လမ်းကြား၌ ဆက်လက်ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသဖြင့် ၎င်းင်းတို့အား ဥပဒေအရ အရေး ယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများ အား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း CCDAC Myanmar ၏ ထုတ် ပြန်ချက်အရ သိရသည်။



 

Most Read

Most Recent