■ ဥရောပဘောလုံးလောက၌ လစာအများဆုံးကစားသမားအဖြစ် ဘာပေ ဦးဆောင်နေ

■ ဥရောပဘောလုံးလောက၌ လစာအများဆုံးကစားသမားအဖြစ် ဘာပေ ဦးဆောင်နေ
Photo: Getty Images
Photo: Getty Images
Published 22 March 2024

PSG အသင်း၏ ပြင်သစ်တိုက်စစ်မှူး ဘာပေသည် ဥရောပဘောလုံး လောက၌ လစာအများဆုံးကစားသမားအဖြစ် ဦးဆောင်နေကြောင်း ပြင်သစ်သတင်းစာ L'Equipe က ဖော်ပြခဲ့သည်။

    

ဘာပေသည် PSG အသင်း၌ တစ်လလျှင် ယူရို(၆)သန်း ရရှိနေသည့်အတွက် အခြားကစားသမားများထက် အပြတ်အသတ်အသာရနေကြောင်းလည်း သိရသည်။ 

ဥရောပထိပ်တန်းလိဂ်(၅)ခုတွင် ဘာပေ၏နောက် လစာအများဆုံးရရှိနေသူမှာ ဘိုင်ယန်မြူးနစ်အသင်းမှ အင်္ဂလန်တိုက်စစ်မှူး ဟာရီကိန်းဖြစ်ပြီး တစ်လလျှင် ယူရို(၂.၁)သန်းရရှိနေခြင်းဖြစ်သည်။ 

ထို့ကြောင့် ဘာပေ၏ လစာနှုန်းထားနှင့် နှိုင်းယှဉ်ပါက ကွာဟချက်များပြားနေခြင်းဖြစ်သည်။ 

ဘာပေနှင့် ဟာရီကိန်းတို့၏နောက် တတိယနေရာတွင် မန်စီးတီးကွင်း လယ်ကစားသမား ဒီဘရိုင်းနားက တစ်လယူရို(၂.၀၂)သန်းဖြင့် ရပ်တည်နေပြီး စတုတ္ထနေရာတွင် မန်စီးတီးတိုက်စစ်မှူး ဟာလန်းက တစ်လယူရို(၁.၉) သန်းဖြင့် ရပ်တည်နေသည်။ 

လစာအများဆုံး ကစားသမား(၁၀)ဦးစာရင်းတွင် ပရီးမီးယားလိဂ်ကစားသမား (၅)ဦးအထိပါဝင်ကာ လိဂ်အလိုက်တွင် အများဆုံးဖြစ်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent