လာမည့်နွေရာသီတွင် အာဆင်နယ်အသင်းကို အန်ကယ်တီယာ စွန့်ခွာဖွယ်ရှိ

လာမည့်နွေရာသီတွင် အာဆင်နယ်အသင်းကို အန်ကယ်တီယာ စွန့်ခွာဖွယ်ရှိ
Photo: Getty Images
Photo: Getty Images
Published 25 March 2024

အာဆင်နယ်အသင်း၏ အင်္ဂလန်တိုက်စစ်မှူး အန်ကယ်တီယာသည် လာမည့်နွေရာသီတွင် အာဆင်နယ်အသင်းကို စွန့်ခွာဖွယ်ရှိကြောင်း သိရသည်။

အန်ကယ်တီယာ(၂၄ နှစ်)သည် အာဆင်နယ်အသင်းနှင့် ၂၀၂၇ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားသော်လည်း လာမည့်ရာသီများ၌ ပွဲထွက်ကစားခွင့်ရရန် အခွင့်အရေးပိုမိုနည်းပါးလာဖွယ်ရှိသည့်အတွက် အသင်းပြောင်းရွှေ့ရန် ဆန္ဒရှိနေကြောင်း သိရသည်။

၎င်းကို ခေါ်ယူရန် စပါးနှင့် နယူးကာဆယ်အပါအဝင် ပရီးမီးယားလိဂ်အသင်းများစွာက စိတ်ဝင်စားနေပြီး အာဆင်နယ်အသင်းကလည်း ရောင်းထုတ်ဖွယ်ရှိကြောင်း အပြောင်းအရွှေ့ကျွမ်းကျင်သူ ဖာဘရီဇီယိုရိုမာနိုက သုံးသပ်ဖော်ပြခဲ့သည်။

Most Read

Most Recent