ဒူဘိုင်းလေဆိပ်၌ ပရိုမက်စ် ဖမ်းဆီးခံရပြီး နယ်သာလန်သို့ လွှဲပြောင်းခံရဖွယ်ရှိ

ဒူဘိုင်းလေဆိပ်၌ ပရိုမက်စ် ဖမ်းဆီးခံရပြီး နယ်သာလန်သို့ လွှဲပြောင်းခံရဖွယ်ရှိ
Photo: X
Photo: X
Published 14 March 2024

ရုရှားကလပ် စပါးတပ်မော်စကိုအသင်း၏ နယ်သာလန်တောင်ပံကစားသမား ကွင်စီပရိုမက်စ်သည် ယူအေအီးနိုင်ငံ၊ ဒူဘိုင်းလေဆိပ်၌ ဖမ်းဆီးခံခဲ့ရပြီး နယ်သာလန်သို့ လွှဲပြောင်းခံရဖွယ်ရှိနေကြောင်း သိရသည်။

အသက် ၃၂ နှစ်ရှိပြီဖြစ်သူ ပရိုမက်စ်သည် အေဂျက်စ်အသင်း၌ ကစားနေစဉ် ၂၀၂၀ ဇန်နဝါရီတွင် ဘယ်လ်ဂျီယံနိုင်ငံ အန့်ဝပ်ဆိပ်ကမ်းမှတစ်ဆင့် ကိုကင်း ၁၃၅၀ ကီလိုဂရမ်ကျော် တင်သွင်းရန် ကြိုးပမ်းရာတွင် ပါဝင်မှုဖြင့် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၄ ရက်တွင် မျက်ကွယ်ပြစ်ဒဏ်အဖြစ် ထောင်ဒဏ် ခြောက်နှစ် ချမှတ်ခံထားရသည်။

၎င်းအနေဖြင့် ယာဉ်တိုက်မှုဖြစ်ပွားရာနေရာမှ ထွက်ခွာသွားကြောင်း သံသယဖြင့် ဖေဖော်ဝါရီ ၂၉ ရက်တွင် ဒူဘိုင်းလေဆိပ်၌ ဖမ်းဆီးခံခဲ့ရပြီး တစ်ရက်အကြာမှာပင် လွတ်မြောက်လာသော်လည်း နယ်သာလန်အစိုးရရှေ့နေများ၏ တရားခံလွှဲပြောင်းပေးရေး တောင်းဆိုမှုအရ မတ် ၁၂ ရက်တွင် ပြန်လည်ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း သိရသည်။

ပရိုမက်စ်သည် ဝမ်းကွဲညီအစ်ကိုတော်စပ်သူကို ဓားထိုးမှုဖြင့် ပြီးခဲ့သည့်နှစ် ဇွန်လတွင်လည်း ထောင်ဒဏ် ၁၈ လ ချမှတ်ခံထားရသည်။ 

Most Read

Most Recent