မန်ယူကွင်းလယ်လူ အမ်ရာဘတ်အား ဂျူဗင်တပ်စ် စောင့်ကြည့်

မန်ယူကွင်းလယ်လူ အမ်ရာဘတ်အား ဂျူဗင်တပ်စ် စောင့်ကြည့်
Photo: UtdDistrict
Photo: UtdDistrict
Published 18 March 2024

ဂျူဗင်တပ်စ်အသင်းသည် ဖီအိုရင်တီးနားအသင်းမှ မန်ယူသို့ အငှားဖြင့်လာရောက်ကစားနေသည့် မော်ရိုကိုကွင်းလယ်လူ အမ်ရာဘတ်အား စောင့်ကြည့်နေကြောင်း သိရှိရသည်။

အီတလီသတင်းစာ La Gazzetta dello ၏ ဖော်ပြချက်အရ ဂျူဗင်တပ်စ်အသင်းသည် အမ်ရာဘတ်အား ယခုရာသီကုန်တွင် ကမ်းလှမ်းဖွယ်ရှိနေသည်။

အမ်ရာဘတ်သည် ဖီအိုရင်တီးနားအသင်းနှင့် ၂၀၂၅ ခုနှစ်တွင် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ကြောင်းလည်း သိရသည်။

ဂျူဗင်တပ်စ်အသင်းသည် အမ်ရာဘတ်အပြင် အတ္တလန်တာကွင်းလယ်လူ ကော့မိုင်နာစ်ကိုလည်း ပစ်မှတ်ထားနေသည်။

Most Read

Most Recent