တိုက်ကြီးမြို့နယ်တွင် လယ်ထွန်ရန်စောင့်နေသည့် လယ်သမားနှစ်ဦး မိုးကြိုးပစ်ခံရ၍ သေဆုံး

တိုက်ကြီးမြို့နယ်တွင် လယ်ထွန်ရန်စောင့်နေသည့် လယ်သမားနှစ်ဦး မိုးကြိုးပစ်ခံရ၍ သေဆုံး
Published 6 May 2024

တိုက်ကြီးမြို့နယ်၊ ဆင်ခြံကျေးရွာအုပ်စုတွင် လယ်ထွန်ရန်စောင့်နေသည့် လယ်သမား အမျိုးသားနှစ်ဦးမိုးကြိုးပစ်ခံရ၍ သေဆုံးမှု မေလ ၅ ရက်၊ ညနေ ၄ နာရီခွဲခန့်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ မေလ ၅ ရက် ညနေပိုင်းတွင် ရန်ကုန်မြို့တွင် ရုတ်တရက် အချိန်အခါမဟုတ် မိုးရွာသွန်းခဲ့ပြီး လေကြမ်းများတိုက်ခတ်ကာ မိုးကြိုးပစ်ခြင်းတို့ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

ထို့ကြောင့် တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၊ ဆင်ခြံကျေးရွာအုပ်စု၊ ဘဝသစ်စီမံကိန်း အိုင်ကလောင်ကျဉ်းစခန်းနောက်ကြောတွင် လယ်ထွန်ရန် သစ်ပင်အောက်တွင် စောင့်နေသော  ပ ဉ္စာလှရွာ၊ အုပ်ပုံစုရပ်ကွက်နေသူ  ဦးသန်းနိုင်ဦး (၄၄)နှစ်၊(ဘ)ဦးအောင်သန်းနှင့်၊ ဥက္ကံကံကုန်းကျေးရွာအုပ်စုနေ ကိုထက်လင်းနိုင် (၂၄)နှစ်၊(ဘ) ဦးခင်မောင်ဇင်တို့ နှစ်ဦးသည် မိုးကြိုးထိမှန် သေဆုံးခဲ့ကြောင်း သိရသည်။

Most Read

Most Recent