ဘယ်လ်ဂျီယံနှင့်ပွဲကို အင်္ဂလန်တိုက်စစ်မှူး ဟာရီကိန်း ထပ်မံလွဲချော်မည်

ဘယ်လ်ဂျီယံနှင့်ပွဲကို အင်္ဂလန်တိုက်စစ်မှူး ဟာရီကိန်း ထပ်မံလွဲချော်မည်
Photo : Getty Images
Photo : Getty Images
Published 25 March 2024

အင်္ဂလန်အသင်း၏တိုက်စစ်မှူး ဟာရီကိန်းသည် ခြေချင်းဝတ်ဒဏ်ရာကြောင့် ဘယ်လ်ဂျီယံနှင့်ပွဲကို ထပ်မံလွဲချော်မည်ဖြစ်ကြောင်း သိရသည်။

အင်္ဂလန်အသင်းခေါင်းဆောင် ဟာရီကိန်း(၃၀ နှစ်)သည် ယင်းဒဏ်ရာကြောင့် ဘရာဇီးလ်နှင့် ခြေစမ်းပွဲကို လွဲချော်ခဲ့သလို၊ သက်သာခြင်းမရှိသဖြင့် ဘယ်လ်ဂျီယံနှင့်ပွဲကိုလည်း ထပ်မံလွဲချော်ခြင်းဖြစ်သည်။

ထို့ကြောင့် ဟာရီကိန်းသည် ဘိုင်ယန်မြူးနစ်အသင်းထံ ပြန်သွားခဲ့ကြောင်း သိရသည်။ ဟာရီကိန်းသည် ဒမ်းစတက်ဒ်နှင့် ဘွန်ဒစ်လီဂါပွဲစဉ်ကတည်းက ဒဏ်ရာရရှိခဲ့သော်လည်း အင်္ဂလန်လက်ရွေးစင် အသင်းနည်းပြ ဆောက်ဂိတ်က ရွေးချယ်ခေါ်ယူခဲ့ခြင်းဖြစ်သည်။

ဆောက်ဂိတ်သည် ဟာရီကိန်းနည်းတူ အခြားဒဏ်ရာရကစားသမားများကိုလည်း ရွေးချယ်ထားခဲ့ခြင်းကြောင့် ဘရာဇီးလ်နှင့်ပွဲတွင် အခြားကစားသမားအချို့လည်း လွဲချော်ခဲ့ကြောင်း သိရသည်။

ဗြိတိန်မီဒီယာအချို့ကမူ ဟာရီကိန်း၏ဒဏ်ရာအခြေအနေမှာ ဆက်လက်စောင့်ကြည့်ရမည်ဖြစ်ပြီး အာဆင်နယ်နှင့် ယှဉ်ပြိုင်ရမည့် ချန်ပီယံလိဂ်ပွဲကို လွဲချော်နိုင်ဖွယ်ရှိကြောင်းလည်း ဖော်ပြခဲ့ကြသည်။

ဘိုင်ယန်မြူးနစ်နှင့် အာဆင်နယ်အသင်းသည် ချန်ပီယံလိဂ်ကွာတားဖိုင်နယ်၌ ဆုံတွေ့နေပြီး ပထမအကျော့ကို ဧပြီ(၉)၊ ဒုတိယအကျော့ကို ဧပြီ(၁၇)တွင် ယှဉ်ပြိုင်ရမည်ဖြစ်သည်။

Most Read

Most Recent