■ ရီးယဲလ်သို့ ဘာပေ ပြောင်းရွှေ့ရန် မသေချာသေးဟု အွန်နရီ သုံးသပ်     

■ ရီးယဲလ်သို့ ဘာပေ ပြောင်းရွှေ့ရန် မသေချာသေးဟု အွန်နရီ သုံးသပ်     
Photo: Sky Sports
Photo: Sky Sports
Published 22 March 2024

ပြင်သစ်လက်ရွေးစင်တိုက်စစ်မှူးဟောင်း အွန်နရီက လက်ရှိ ပြင်သစ်တိုက်စစ်မှူး ဘာပေသည် လာမည့်နွေရာသီ၌ ရီးယဲလ်အသင်းထံ ပြောင်းရွှေ့ရန် မသေချာသေးဟု သုံးသပ်ပြောကြားခဲ့သည်။ 

PSG အသင်းနှင့် လမ်းခွဲမည်ဟု အတည်ပြုထားသည့် ဘာပေသည် လာမည့်နွေရာသီတွင် ရီးယဲလ်သို့ ပြောင်းရွှေ့တော့မည်ဟု သတင်းထွက်နေသည်။ 

သို့သော် အွန်နရီက "ဘာပေက သူအလိုရှိတဲ့အသင်းကို သွားနိုင်တဲ့ အခွင့်အရေးရှိနေပါတယ်။ ရီးယဲလ်ကိုပြောင်းမှာ သေချာတယ်လို့ ဘယ်သူတွေက သိနေတာလဲ။ ဒါဟာ နားလည်မှုလွဲတာလည်း ဖြစ်နိုင်ပါတယ်"ဟု ပြောကြားခဲ့သည်။

အွန်နရီက ယင်းကဲ့သို့ ပြောဆိုခဲ့သော်လည်း စပိန်မီဒီယာများကမူ ရီးယဲလ်အသင်းသည် ဘာပေအား ခေါ်ယူရန် သဘောတူညီမှု ရရှိခဲ့ပြီဖြစ်ကြောင်း ဖော်ပြနေကြသည်။ 

Most Read

Most Recent