နာပိုလီတိုက်စစ်မှူး အိုဆင်မန်အား လာမည့်နွေတွင် ချယ်လ်ဆီးအသင်းထံသို့ ပြောင်းရွှေ့ကစားစေရန် ကြိုးပမ်းနေကြောင်း မီခေးလ် ပြောကြား

နာပိုလီတိုက်စစ်မှူး အိုဆင်မန်အား လာမည့်နွေတွင် ချယ်လ်ဆီးအသင်းထံသို့ ပြောင်းရွှေ့ကစားစေရန် ကြိုးပမ်းနေကြောင်း မီခေးလ် ပြောကြား
Photo: Daily Mail
Photo: Daily Mail
Published 2 March 2024

 

ချယ်လ်ဆီးကွင်းလယ်ကစားသမားဟောင်း အိုဘီမီခေးလ်က နာပိုလီတိုက်စစ်မှူး အိုဆင်မန်အား လာမည့်နွေတွင် ချယ်လ်ဆီးအသင်းထံသို့ ပြောင်းရွှေ့ကစားစေရန် ကြိုးပမ်းနေကြောင်း ပြောကြားခဲ့သည်။ 

အသက် ၂၅ နှစ်အရွယ်ရှိ နိုင်ဂျီးရီးယား လက်ရွေးစင်တိုက်စစ်မှူး အိုဆင်မန်သည် ပြီးခဲ့သည့် ၂၀၂၂-၂၃ ရာသီ နာပိုလီအသင်း စီးရီးအေချန်ပီယံဆုရရှိရာတွင် အဓိကနေရာမှပါဝင်ခဲ့ပြီး ပြိုင်ပွဲစုံ ၃၉ ပွဲတွင် ၃၁ ဂိုးအထိ သွင်းယူပေးခဲ့သည်။ ထို့ကြောင့် ၎င်းသည် ဥရောပထိပ်သီးအသင်းကြီးများ၏ စိတ်ဝင်စားခြင်းကို ခံခဲ့ရပြီး ပြီးခဲ့သည့်နွေရာသီအပြောင်းအရွှေ့စျေးကွက်တွင် နာမည်ကြီးခဲ့သူ ဖြစ်သည်။ 

သို့သော် အိုဆင်မန်သည် နာပိုလီ အသင်းတွင် ဆက်နေခဲ့ပြီး အသင်းနှင့် ၂၀၂၆ ခုနှစ်အထိ သက်တမ်းရှိ စာချုပ်တစ်ရပ်ချုပ် ဆိုခဲ့သည်။ ဥရောပမီဒီယာများ၏ ဖော်ပြမှု အရ အိုဆင်မန်၏ လက်ရှိစာချုပ်တွင် လာမည့်နွေရာသီတွင် ပြည်ပအသင်းများသို့ ယူရိုသန်း ၁၂၀ ဖြင့် ပြောင်းရွှေ့နိုင်သည်ဆိုသောအချက်ပါဝင်ကြောင်း သိရှိရသည်။ 

ထို့ကြောင့် လာမည့်နွေရာသီတွင် အိုဆင်မန်အား ခေါ်ယူရန် PSG၊ ချယ်လ်ဆီး၊ အာဆင်နယ်အပါအဝင် ဥရောပထိပ်တန်း အသင်းများစွာက စိတ်ဝင်စားနေကြောင်း သိရှိရသည်။ ချယ်လ်ဆီးကစားသမားဟောင်း ဖြစ်သူ မီခေးလ်က အိုဆင်မန်အား ၎င်း၏ အသင်းဟောင်းထံသို့ ပြောင်းရွှေ့ကစားရန် အလိုရှိနေခြင်းဖြစ်သည်။ ထို့ကြောင့် မီခေးလ် သည် လာမည့် ၂၀၂၄ နွေရာသီအပြောင်း အရွှေ့ကာလတွင် အိုဆင်မန်အား ချယ်လ်ဆီးအသင်းထံသို့ ပြောင်းရွှေ့ကစားစေရန် ကြိုးပမ်းနေကြောင်း ပြောကြားခဲ့ခြင်းဖြစ် သည်။ 

မီခေးလ်က "အိုဆင်မန်အနေနဲ့ လာမယ့်နွေရာသီမှာ ချယ်လ်ဆီးအသင်းဆီကို ပြောင်းရွှေ့ကစားနိုင်ဖို့အတွက် ကျွန်တော် ကြိုးပမ်းနေပါတယ်။ ချယ်လ်ဆီးအသင်းက အိုဆင်မန်လို တိုက်စစ်မှူးတစ်ဦး လိုအပ်နေသလို အိုဆင်မန်ကလည်း ချယ်လ်ဆီးအသင်း ကို စိတ်ဝင်စားနေတယ်လို့ ကျွန်တော်ထင်ပါတယ်။ ချယ်လ်ဆီးအသင်းမှာ ဗစ်တာမိုဆက်စ်၊ ဘာဘာယာရိုတို့လို နိုင်ဂျီးရီးယားက စားသမားတွေ ကစားခဲ့ကြပြီး အိုဆင်မန်အနေနဲ့ သူတို့ ခြေရာကို လိုက်နင်းမယ်လို့ ထင်ပါတယ်။ သူ့ကို ခေါ်ယူချင်နေတဲ့ အသင်းကြီးတွေရှိပါတယ်။ ဒါပေမဲ့ ကျွန်တော်ကတော့ သူ့ကို ချယ်လ်ဆီးအသင်းကို လာဖို့ပဲတိုက်တွန်းနေတာပါ"ဟု ပြောကြားခဲ့သည်။ 

ထို့ပြင် မီခေးလ်က ချယ်လ်ဆီးအသင်းအနေဖြင့် အိုဆင်မန်ကို လိုအပ်ကြောင်းလည်း ပြောကြားခဲ့သည်။ "လီဗာပူးလ်ကို ရှုံးနိမ့်ခဲ့တဲ့ လိဂ်ဖလားဗိုလ်လုပွဲမှာ ချယ်လ်ဆီးအသင်း လိုအပ်တာ တစ်ခုပဲ ရှိပါတယ်။ အဲဒီက ဂိုးတွေဖြစ်ပါတယ်။ ချယ်လ်ဆီးက ဂိုးသွင်း ကောင်းတဲ့ တိုက်စစ်မှူး လိုအပ်နေတာဖြစ်ပြီး အိုဆင်မန်က ဂိုးတွေ အများကြီး သွင်းပေးနိုင်သူပါ"ဟု မီခေးလ်က ပြောကြားခဲ့သည်။ 

Most Read

Most Recent