ရခိုင်ပြည်နယ်အစိုးရ အဖွဲ့ သယံဇာတဝန်ကြီး ဦးသန်းထွန်း ကွယ်လွန်

ရခိုင်ပြည်နယ်အစိုးရ အဖွဲ့ သယံဇာတဝန်ကြီး ဦးသန်းထွန်း ကွယ်လွန်
Published 24 March 2024

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ သယံဇာတဝန်ကြီး ဦးသန်းထွန်းသည် ယနေ့(မတ် ၂၄ ရက်) နံနက်ပိုင်းတွင် နှလုံးရောဂါဖြင့် ကွယ်လွန်သွားကြောင်း သိရသည်။

ဦးသန်းထွန်းသည် နှလုံးရောဂါရှိသူဖြစ်ပြီး ပြီးခဲ့သည့် နှစ်ကလည်း ပြည်နယ်အတွင်းသွားရောက်သည့် ခရီး စဉ် တစ်ခုတွင် နှလုံးရောဂါခံစားရသဖြင့် ရုတ်တရက် ဆေးရုံတက်ရောက်ကုသခဲ့ရကြောင်းနှင့် ယခုလည်း နှလုံးရောဂါဖြင့်ပင် ကွယ်လွန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

''ပြီးခဲ့တဲ့နှစ်ကတစ်ကြိမ် နှလုံးရောဂါနဲ့ပဲ ဆေးရုံတက်ရတယ်။ ဒီနေ့လည်း မနက်ပိုင်းလမ်းလျှောက်ပြီးအပြန် အိမ်ရောက်တော့ မောပြီးမူးလဲလို့ စစ်တွေဆေးရုံတင်လိုက်တယ်လို့သိရတယ်။ နှလုံးရောဂါနဲ့ပဲ ဆုံးသွားတယ်လို့ သိရတယ်''ဟု စစ်တွေမြို့မှ ဒေသခံတစ်ဦးက ပြောကြားသည်။

စစ်တွေမြို့မိ မြို့ဖတစ်ဦးဖြစ်သည့် ဦးသန်းထွန်းသည် ယခင်က လူမှုရေးလုပ်ငန်းများ၊ အရပ်ဘက်အဖွဲ့အစည်းများတွင် တက်ကြွလှုပ်ရှားခဲ့သူတစ်ဦးဖြစ်ပြီး ဒေသခံများအကြား ထင်ရှားသူတစ်ဦးလည်းဖြစ်သည်။

နစကလက်ထက်တွင် ဦးသန်းထွန်းသည် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီးအဖြစ် ခန့်အပ်ခံရကာ ကွယ်လွန်ချိန်တွင် အသက် ၆၇ နှစ်အရွယ်ခန့် ရှိပြီဖြစ်ကြောင်းသိရသည်။

Most Read

Most Recent