ပြင်ဦးလွင်မြို့နယ်ရှိ ပြည်သူ့စစ် (ဌာနေ) အဖွဲ့ဝင်များကို တပ်မတော်က လက်နက်တပ်ဆင်

Published 6 June 2024

ပြင်ဦးလွင်မြို့နယ်ရှိ ပြည်သူ့စစ်(ဌာနေ)အဖွဲ့ဝင်များကို တပ်မတော်က လက်နက်တပ်ဆင်ပေးခဲ့ ကြောင်းသိရသည်။

အဆိုပါ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ပြင်ဦးလွင်မြို့နယ်ရှိ ပြည်သူ့စစ်(ဌာနေ) အဖွဲ့ဝင်များအား လက်နက် တပ်ဆင် အပ်နှင်းခြင်းနှင့် ထောက်ပံ့ပစ္စည်းပေးအပ်ခြင်းကို ဇွန်လ ၅ ရက် မွန်းလွဲပိုင်းတွင် ပြင်ဦးလွင်မြို့၊ နယ်မြေခံသင်တန်းကျောင်းရှိ မင်းရဲကျော်စွာ အားကစားခန်းမ၌ပြုလုပ်ရာ  ပြင်ဦးလွင်တပ်နယ်တပ်နယ်မှူး ဗိုလ်ချုပ်စိုးမြတ်ထွဋ်နှင့် တာဝန်ရှိသူများ၊ ပြည်သူ့စစ်(ဌာနေ)အဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသူများ တက် ရောက်ခဲ့ကြောင်း သိရသည်။

ယင်းအခမ်းအနားတွင်ဦးစွာ တပ်နယ်မှူးက အမှာစကားပြောကြားပြီးနောက် တပ်နယ်မှူးနှင့် တာဝန်ရှိသူများက ပြည်သူ့စစ်(ဌာနေ) အဖွဲ့ဝင်များအတွက် လက်နက်များ တပ်ဆင်အပ်နှင်းပေးပြီး ထောက်ပံ့ပစ္စည်းများ ထောက် ပံ့ပေးအပ်ရာ ပြည်သူ့စစ်(ဌာနေ)အဖွဲ့ဝင်များ ကိုယ်စားအဖွဲ့ခေါင်းဆောင်တစ်ဦးက ကျေးဇူးတင်စကား ပြန် လည်ပြောကြားခဲ့ကြောင်း သိရသည်။

ထို့နောက် တပ်နယ်မှူးနှင့် တာဝန်ရှိသူများသည် တက်ရောက်လာသည့် ပြည်သူ့စစ်(ဌာနေ)အဖွဲ့ဝင်များအား လိုက်လံ နှုတ်ဆက်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent