မန္တလေးတိုင်း မတ္တရာမြို့နယ်တွင် လက်နှင့် ခြေထောက်တို့၌ ကြိုးဖြင့်ချည်နှောင်ထားပြီး ဒဏ်ရာများဖြင့် ပုပ်ပွသေဆုံးနေသည့် အလောင်းတစ်လောင်း တွေ့ရှိ

မန္တလေးတိုင်း မတ္တရာမြို့နယ်တွင် လက်နှင့် ခြေထောက်တို့၌ ကြိုးဖြင့်ချည်နှောင်ထားပြီး ဒဏ်ရာများဖြင့် ပုပ်ပွသေဆုံးနေသည့် အလောင်းတစ်လောင်း တွေ့ရှိ
Published 15 June 2024

မန္တလေးတိုင်း မတ္တရာမြို့နယ်တွင် လက် နှင့် ခြေထောက်တို့၌ နိုင်လွန်ကြိုးဖြင့် ချည် နှောင်ထားကာ ကျည်ထိမှန် ဒဏ်ရာများဖြင့် ပုပ်ပွသေဆုံးနေသည့် အလောင်းတစ်လောင်း တွေ့ရှိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထုတ် ပြန်သည်။

ထုတ်ပြန်ချက်အရ ဇွန် ၁၂ ရက်က နံ နက် ၉ နာရီခွဲခန့်တွင် မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ် ဝက်ခဲကျေးရွာအနီးရှိ လယ် ရပေးဝေရေးမြောင်းအတွင်း၌ အမျိုးသား တစ်ဦးဒဏ်ရာများဖြင့် သေဆုံးနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွား ရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့စစ်ဆေးရာ ယင်းနေရာတွင် ကျူးလွန်သူအဖွဲ့ (စိစစ်ဆဲ) က သေနတ်ဖြင့် ပစ် ခတ်သတ်ဖြတ်ခဲ့မှုကြောင့် အသက် (၄၅) ခန့် အမျိုးသားတစ်ဦး (စိစစ်ဆဲ) အား လက်နှင့် ခြေထောက်တို့တွင် နိုင်လွန်ကြိုးဖြင့် ချည် နှောင်ထားလျက် ကျည်ထိမှန် ဒဏ်ရာများဖြင့် ရေမြောင်းအတွင်း ပုပ်ပွသေဆုံးနေသည်ကို တွေ့ရှိရသဖြင့် သေဆုံးသူအား မတ္တရာမြို့ နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိ ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ကျူး လွန်သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေ နှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိ ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။