ဧရာဝတီမြစ်ရေသည် ပြည်၊ ဟင်္သာတနှင့် ဇလွန်မြို့များအပါအဝင် မြို့ ၁၄ မြို့တွင် စိုးရိမ်ရေမှတ်အထက်သို့ ဆက်လက်ကျော်လွန်ရောက်ရှိနေ

ဧရာဝတီမြစ်ရေသည် ပြည်၊ ဟင်္သာတနှင့် ဇလွန်မြို့များအပါအဝင် မြို့ ၁၄ မြို့တွင် စိုးရိမ်ရေမှတ်အထက်သို့ ဆက်လက်ကျော်လွန်ရောက်ရှိနေ
Published 16 July 2024

ဧရာဝတီမြစ်ရေသည် ပြည်၊ ဟင်္သာတနှင့် ဇလွန်မြို့များအပါအဝင် မြို့ ၁၄ မြို့တွင် စိုးရိမ်ရေမှတ်အထက်သို့ ဆက်လက်ကျော်လွန်ရောက်ရှိနေကြောင်း ဇူလိုင် ၁၆ ရက်တွင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှက ထုတ်ပြန်သည်။

ထုတ်ပြန်ချက်အရ ဇူလိုင် ၁၆ ရက် နံနက် ၁၀ နာရီခွဲအချိန်တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေသည် မန္တလေးမြို့တွင် စိုးရိမ်ရေမှတ်အထက်သို့ ပေဝက်ခန့် ကျော်လွန်ရောက်ရှိနေပြီး အဆိုပါမြစ်ရေသည် လာမည့် ၃၆ နာရီအတွင်း စိုးရိမ်ရေမှတ်အောက်လည်းကောင်း၊ ဧရာဝတီမြစ်ရေသည် စစ်ကိုင်းမြို့တွင် စိုးရိမ်ရေမှတ်အထက်သို့ တစ်ပေခန့် ကျော်လွန်ရောက်ရှိနေပြီး အဆိုပါမြစ်ရေသည် လာမည့် ၃၆ နာရီအတွင်း စိုးရိမ်ရေမှတ်အောက်လည်းကောင်း ပြန်လည်ကျဆင်းနိုင်ကြောင်း သိရသည်။

ဧရာဝတီမြစ်ရေသည် မြင်းမူမြို့တွင် စိုးရိမ်ရေမှတ်အထက်သို့ တစ်ပေခွဲခန့် ကျော်လွန်ရောက်ရှိနေပြီး အဆိုပါမြစ်ရေသည် လာမည့်တစ်ရက်အတွင်း ပေဝက်ခန့် ကျဆင်းလာနိုင်ကာ စိုးရိမ်ရေမှတ်အထက်လည်းကောင်း၊ ဧရာဝတီမြစ်ရေသည် ပခုက္ကူမြို့တွင် စိုးရိမ်ရေမှတ်အထက်သို့ လေးပေခန့် ကျော်လွန်ရောက်ရှိနေပြီး အဆိုပါမြစ်ရေသည် လာမည့်တစ်ရက်အတွင်း ပေဝက်ခန့် ကျဆင်းလာနိုင်ကာ စိုးရိမ်ရေမှတ်အထက်လည်းကောင်း၊ ဧရာဝတီမြစ်ရေသည် ညောင်ဦးမြို့တွင် စိုးရိမ်ရေမှတ်အထက်သို့ ငါးပေခန့် ကျော်လွန်ရောက်ရှိနေပြီး အဆိုပါမြစ်ရေသည် လာမည့်တစ်ရက်အတွင်း ပေဝက်ခန့် ကျဆင်းလာနိုင်ကာ စိုးရိမ်ရေမှတ်အထက်လည်းကောင်း၊ ဧရာဝတီမြစ်ရေသည် ချောက်မြို့တွင် စိုးရိမ်ရေမှတ်အထက်သို့ တစ်ပေခွဲခန့် ကျော်လွန်ရောက်ရှိနေပြီး အဆိုပါမြစ်ရေသည် လာမည့်တစ်ရက်အတွင်း သုံးလက်မခန့် ကျဆင်းလာနိုင်ကာ စိုးရိမ်ရေမှတ်အထက်လည်းကောင်း၊ ဧရာဝတီမြစ်ရေသည် မင်းဘူးမြို့တွင် စိုးရိမ်ရေမှတ်အထက်သို့ သုံးပေခန့် ကျော်လွန်ရောက်ရှိနေပြီး အဆိုပါမြစ်ရေသည် လာမည့်သုံးရက်အတွင်း စိုးရိမ်ရေမှတ်အထက်လည်းကောင်း အသီးသီးဆက်လက်တည်ရှိနိုင်ကြောင်း သိရသည်။

အလားတူ ဧရာဝတီမြစ်ရေသည် မကွေးမြို့တွင် စိုးရိမ်ရေမှတ်အထက်သို့ နှစ်ပေကျော်ခန့် ကျော်လွန်ရောက်ရှိနေပြီး အဆိုပါမြစ်ရေသည် လာမည့်သုံးရက်အတွင်း စိုးရိမ်ရေမှတ်အထက်လည်းကောင်း၊ ဧရာဝတီမြစ်ရေသည် အောင်လံမြို့တွင် စိုးရိမ်ရေမှတ်အထက်သို့ နှစ်ပေခန့် ကျော်လွန်ရောက်ရှိနေပြီး အဆိုပါမြစ်ရေသည် လာမည့်တစ်ရက်အတွင်း သုံးလက်မခန့် မြင့်တက်လာနိုင်ကာ စိုးရိမ်ရေမှတ်အထက်လည်းကောင်း၊ ဧရာဝတီမြစ်ရေသည် ပြည်မြို့တွင် စိုးရိမ်ရေမှတ်အထက်သို့ တစ်ပေကျော်ခန့် ကျော်လွန်ရောက်ရှိနေပြီး အဆိုပါမြစ်ရေသည် လာမည့်တစ်ရက်အတွင်း ပေဝက်ခန့် မြင့်တက်လာနိုင်ကာ စိုးရိမ်ရေမှတ်အထက်လည်းကောင်း၊ ဧရာဝတီမြစ်ရေသည် ဆိပ်သာမြို့တွင် စိုးရိမ်ရေမှတ်အထက်သို့ သုံးပေခွဲခန့် ကျော်လွန်ရောက်ရှိနေပြီး အဆိုပါမြစ်ရေသည် လာမည့်တစ်ရက်အတွင်း တစ်ပေခန့် မြင့်တက်လာနိုင်ကာ စိုးရိမ်ရေမှတ်အထက်လည်းကောင်း၊ ဧရာဝတီမြစ်ရေသည် ဟင်္သာတမြို့တွင် စိုးရိမ်ရေမှတ်အထက်သို့ နှစ်ပေကျော်ခန့် ကျော်လွန်ရောက်ရှိနေပြီး အဆိုပါမြစ်ရေသည် လာမည့်တစ်ရက်အတွင်း တစ်ပေခန့် မြင့်တက်လာနိုင်ကာ စိုးရိမ်ရေမှတ်အထက်လည်းကောင်း၊ ဧရာဝတီမြစ်ရေသည် ဇလွန်မြို့တွင် စိုးရိမ်ရေမှတ်အထက်သို့ နှစ်ပေခန့် ကျော်လွန်ရောက်ရှိနေပြီး အဆိုပါမြစ်ရေသည် လာမည့်တစ်ရက်အတွင်း တစ်ပေခန့် မြင့်တက်လာနိုင်ကာ စိုးရိမ်ရေမှတ်အထက်လည်းကောင်း အသီးသီးဆက်လက်တည်ရှိနိုင်ကြောင်း သိရသည်။

ဇူလိုင် ၁၅ ရက် ညနေ ၆ နာရီခွဲအချိန်တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေသည် သပိတ်ကျင်းမြို့တွင် စိုးရိမ်ရေမှတ်အထက်သို့ ပေဝက်ခန့် ကျော်လွန်ရောက်ရှိနေပြီး အဆိုပါမြစ်ရေသည် လာမည့်တစ်ရက်အတွင်း စိုးရိမ်ရေမှတ်အောက် ပြန်လည်ကျဆင်းနိုင်ကြောင်း သိရသည်။

ချင်းတွင်းမြစ်ရေသည် ခန္တီးမြို့တွင် ၁၃၁၉ စင်တီမီတာသို့ ရောက်ရှိနေပြီး ယင်းမြို့၏ စိုးရိမ်ရေမှတ် ၁၃၆၀ စင်တီမီတာအောက်သို့ တစ်ပေခွဲခန့် ပြန်လည်ကျဆင်းပြီးဖြစ်ကြောင်း၊ ဟုမ္မလင်းမြို့တွင် စိုးရိမ်ရေမှတ်အထက်သို့ သုံးပေခန့် ကျော်လွန်ရောက်ရှိနေပြီး အဆိုပါမြစ်ရေသည် လာမည့်တစ်ရက်အတွင်း တစ်ပေခွဲခန့် ကျဆင်းလာနိုင်ကာ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်လည်းကောင်း၊ ဖောင်းပြင်မြို့တွင် စိုးရိမ်ရေမှတ်အထက် ခြောက်ပေကျော်ခန့် ကျော်လွန်ရောက်ရှိနေပြီး အဆိုပါမြစ်ရေသည် လာမည့်တစ်ရက်အတွင်း တစ်ပေခန့် ကျဆင်းလာနိုင်ကာ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်လည်းကောင်း အသီးသီးဆက်လက်တည်ရှိနိုင်ကြောင်း သိရသည်။

ဆက်လက်၍ ချင်းတွင်းမြစ်ရေသည် မော်လိုက်မြို့တွင် စိုးရိမ်ရေမှတ်အထက်သို့ ခြောက်ပေကျော်ခန့် ကျော်လွန်ရောက်ရှိနေပြီး အဆိုပါမြစ်ရေသည် လာမည့်တစ်ရက်အတွင်း တစ်ပေခန့် ကျဆင်းလာနိုင်ကာ စိုးရိမ်ရေမှတ်အထက်လည်းကောင်း၊ ကလေးဝမြို့တွင် စိုးရိမ်ရေမှတ်အထက်သို့ လေးပေခန့် ကျော်လွန်ရောက်ရှိနေပြီး အဆိုပါမြစ်ရေသည် လာမည့်တစ်ရက်အတွင်း တစ်ပေခန့် ကျဆင်းလာနိုင်ကာ စိုးရိမ်ရေမှတ်အထက်လည်းကောင်း၊ မင်းကင်းမြို့တွင် စိုးရိမ်ရေမှတ်အထက်သို့ လေးပေခန့် ကျော်လွန်ရောက်ရှိနေပြီး အဆိုပါမြစ်ရေသည် လာမည့်တစ်ရက်အတွင်း တစ်ပေခန့် ကျဆင်းလာနိုင်ကာ စိုးရိမ်ရေမှတ်အထက်လည်းကောင်း၊ မုံရွာမြို့တွင် စိုးရိမ်ရေမှတ်အထက်သို့ နှစ်ပေခွဲခန့် ကျော်လွန်ရောက်ရှိနေပြီး အဆိုပါမြစ်ရေသည် လာမည့်တစ်ရက်အတွင်း ပေဝက်ခန့် ကျဆင်းလာနိုင်ကာ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ကြောင်း သိရသည်။

ဒုဋ္ဌဝတီမြစ်ရေသည် မြစ်ငယ်မြို့တွင် စိုးရိမ်ရေမှတ်အထက်သို့ တစ်ပေခန့် ကျော်လွန်ရောက်ရှိနေပြီး အဆိုပါမြစ်ရေသည် လာမည့်နှစ်ရက်အတွင်း စိုးရိမ်ရေမှတ်အောက်သို့ ပြန်လည်ကျဆင်းနိုင်ကြောင်း သိရသည်။

ငဝန်မြစ်ရေသည် ငါးသိုင်းချောင်းမြို့တွင် စိုးရိမ်ရေမှတ်သို့ ရောက်ရှိနေပြီး အဆိုမြစ်ရေသည် လာမည့်တစ်ရက်အတွင်း ပေဝက်ခန့် မြင့်တက်လာနိုင်ကာ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ကြောင်း သိရသည်။

ယင်းအတွက်ကြောင့် သပိတ်ကျင်း၊ စစ်ကိုင်း၊ မြင်းမူ၊ ပခုက္ကူ၊ ညောင်ဦး၊ ချောက်၊ မင်းဘူး၊ မကွေး၊ အောင်လံ၊ ပြည်၊ ဟင်္သာတ၊ ဇလွန်၊ ဟုမ္မလင်း၊ ဖောင်းပြင်၊ မော်လိုက်၊ ကလေးဝ၊ မင်းကင်း၊ မုံရွာ၊ မန္တလေး၊ ဆိပ်သာ၊ မြစ်ငယ်နှင့် ငါးသိုင်းချောင်းမြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် အထူးသတိပြုနေထိုင်ကြရန် မိုးဇလက အသိပေးထားကြောင်း သိရသည်။

Most Read

Most Recent