အိမ်ရာချေးငွေများကို ဗဟိုဘဏ်၏ သတ်မှတ်ချက်ထက် ကျော်လွန်ထုတ်ချေးထားသည့် ရိုးမဘဏ်၊ ယူအေဘီဘဏ်အပါအဝင် ပုဂ္ဂလိကဘဏ် ခုနစ်ဘဏ်နှင့် ကြီးကြပ်ကွပ်ကဲရန်အားနည်းခဲ့သည့် ဗဟိုဘဏ်တာဝန်ရှိသူများကို အရေးယူမည်

အိမ်ရာချေးငွေများကို ဗဟိုဘဏ်၏ သတ်မှတ်ချက်ထက် ကျော်လွန်ထုတ်ချေးထားသည့် ရိုးမဘဏ်၊ ယူအေဘီဘဏ်အပါအဝင် ပုဂ္ဂလိကဘဏ် ခုနစ်ဘဏ်နှင့် ကြီးကြပ်ကွပ်ကဲရန်အားနည်းခဲ့သည့် ဗဟိုဘဏ်တာဝန်ရှိသူများကို အရေးယူမည်
Published 4 June 2024

အိမ်ရာချေးငွေများကို ဗဟိုဘဏ်၏ သတ်မှတ်ချက်ထက် ကျော်လွန်ထုတ်ချေးထားသည့် ရိုးမဘဏ်၊ ယူအေဘီဘဏ်အပါအဝင် ပုဂ္ဂလိကဘဏ် ခုနစ်ဘဏ်နှင့် ကြီးကြပ်ကွပ်ကဲရန်အားနည်းခဲ့သည့် ဗဟိုဘဏ်တာဝန်ရှိသူများကို အရေးယူမည်

အိမ်ရာချေးငွေများကို ဗဟိုဘဏ်၏ သတ်မှတ်ချက်ထက် ကျော်လွန်ထုတ်ချေးထားသည့် ရိုးမဘဏ်၊ ယူအေဘီဘဏ်အပါအဝင် ပုဂ္ဂလိကဘဏ် ခုနစ်ဘဏ်နှင့် ကြီးကြပ်ကွပ်ကဲရန်အားနည်းခဲ့သည့် ဗဟိုဘဏ်တာဝန်ရှိသူများကို ဥပဒေနှင့်အညီ အရေးယူမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်သည်။

နိုငိငံတော်အနေဖြင့် ပြည်တွင်းစီးပွားရေး တည်ငြိမ်စေရေးနှင့် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အဘက်ဘက်မှ ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ပုဂ္ဂလိကဘဏ်များ၏ ချေးငွေဝန်ဆောင်မှု ပုံစံအသစ်ပေးရန်နှင့် ပြည်သူများအတွက် အိမ်ရာပိုင်ဆိုင်မှုအခွင့်အလမ်းများ ပိုမိုကောင်းမွန်လာစေရန်အတွက် စုစုပေါင်းဘဏ်ချေးငွေ အပေါ်မူတည်၍ ထုတ်ချေးခွင့်ပြုလျက်ရှိကြောင်း နစကမှ ထုတ်ပြန်သည်။

သို့ရာတွင် အချို့သော ပုဂ္ဂလိကဘဏ်များအနေဖြင့် ၎င်းတို့အကျိုးအမြတ် ပိုမိုရရှိစေရေးအတွက် ဗဟိုဘဏ်၏ညွှန်ကြားချက်အား ကျော်လွန်ဖောက်ဖျက်ကာ အိမ်ရာချေးငွေများအား များပြားစွာ ထုတ်ချေးလျက်ရှိကြောင်း သိရှိရသဖြင့် ပုဂ္ဂလိကဘဏ်များအား လိုအပ်သော စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြောင်း၊ ထိုသို့ စစ်ဆေးခဲ့ရာတွင် ဗဟိုဘဏ်၏ သတ်မှတ်ချက်အား ကျော်လွန်၍ အိမ်ရာချေးငွေ ထုတ်ချေးထားသည့် ပုဂ္ဂလိကဘဏ် (၇)ခုအား စိစစ်တွေ့ရှိရကြောင်း နစကမှ ထုတ်ပြန်သည်။

ဗဟိုဘဏ်၏ သတ်မှတ်ချက်အား ကျော်လွန်၍ အိမ်ရာချေးငွေ ထုတ်ချေးထားသည့် ပုဂ္ဂလိကဘဏ်များတွင် ရိုးမဘဏ်မှ ဗဟိုဘဏ်သတ်မှတ်ရာခိုင်နှုန်းထက် ၁၁ ရာခိုင်နှုန်းအား ကျော်လွန်ထုတ်ချေးထားကြောင်း၊ မြန်မာနိုင်ငံသားများဘဏ်မှ ဗဟိုဘဏ်သတ်မှတ်ရာခိုင်နှုန်းထက် ၈ ဒသမ ၉၄ ရာခိုင်နှုန်း ကျော်လွန်ထုတ်ချေးထားကြောင်း၊ ဧရာဝတီဘဏ်မှ ဗဟိုဘဏ်သတ်မှတ်ရာခိုင်နှုန်းထက် ၁ ဒသမ ၉၆ ရာခိုင်နှုန်း ကျော်လွန်ထုတ်ချေးထားကြောင်း၊ အသေးစားနှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးရေးဘဏ်မှ ဗဟိုဘဏ်သတ်မှတ်ရာခိုင်နှုန်းထက် ၁ ဒသမ ၀၁ ရာခိုင်နှုန်း ကျော်လွန်ထုတ်ချေးထားကြောင်း၊ ယူအေဘီဘဏ်မှ ဗဟိုဘဏ်သတ်မှတ်ရာခိုင်နှုန်းထက် ၃ ဒသမ ၃၈ ရာခိုင်နှုန်း ကျော်လွန်ထုတ်ချေးထားကြောင်း၊ မြန်မာမက်ထရိုဘဏ်မှ ဗဟိုဘဏ်သတ်မှတ်ရာခိုင်နှုန်းထက် ၀ ဒသမ ၃၉ ရာခိုင်နှုန်း ကျော်လွန်ထုတ်ချေးထားကြောင်း၊ ဆောက်လုပ်ရေး၊ အိမ်ရာနှင့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးဘဏ်မှ ဗဟိုဘဏ်သတ်မှတ်ရာခိုင်နှုန်းထက် ၁၆ ဒသမ ၃၄ ရာခိုင်နှုန်း ကျော်လွန်ထုတ်ချေးထားကြောင်း နစကမှ ထုတ်ပြန်သည်။ 

အဆိုပါဘဏ်များမှ ကျော်လွန်ထုတ်ချေးထားသည့် ချေးငွေများအား ဗဟိုဘဏ်က ထုတ်ပြန်ထားသော အိမ်ရာချေးငွေနှင့်ပတ်သက်သည့် သတ်မှတ်ချက်အတိုင်း သတ်မှတ်ကာလအတွင်း ပြန်လည်ရောက်ရှိစေရေးအတွက် တာဝန်ရှိသူများမှ ကြပ်မတ်ဆောင်ရွက်သွားမည်ဖြစ်ပြီး သတ်မှတ်ချက်အား ကျော်လွန်ဖောက်ဖျက် ဆောင်ရွက်ခဲ့သည့် ပုဂ္ဂလိကဘဏ် (၇)ခုမှ တာဝန်ရှိသူများကိုလည်း ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်​ဖြစ်ကြောင်း နစကမှ ထုတ်ပြန်သည်။

သတ်မှတ်ချက်အား ကျော်လွန်ထုတ်ချေးထားသည့် ငွေများနှင့်ပတ်သက်၍ ဗဟိုဘဏ်၏ ငွေရေးကြေးရေးအဖွဲ့အစည်းများဥပဒေ ပုဒ်မ ၁၅၄ အရ ဥပဒေနှင့်အညီ ထိရောက်သော ဒဏ်ကြေးပေးဆောင်စေမည်ဖြစ်ပြီး ပုဂ္ဂလိကဘဏ်များအား စစ်ဆေးကြီးကြပ်ကွပ်ကဲရန် အားနည်းခဲ့သည့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ တာဝန်ရှိသူများအားလည်း စိစစ်ဖော်ထုတ် အရေးယူသွားမည်ဖြစ်ကြောင်း နစကမှ ထုတ်ပြန်သည်။ 

Most Read

Most Recent