EAO  အချို့အနေဖြင့် ၎င်းတို့၏ထိန်းချုပ်နယ်မြေများတွင် ပြည်ပမှ ဓာတုကျွမ်းကျင်ပညာရှင်များနှင့်ပူးပေါင်းပြီး မူးယစ်ဆေးဝါးထုတ်လုပ်လျက်ရှိသည်ကို တွေ့ရှိရကြောင်း ပြည်ထဲရေးဝန်ကြီး ပြောကြား

EAO  အချို့အနေဖြင့် ၎င်းတို့၏ထိန်းချုပ်နယ်မြေများတွင် ပြည်ပမှ ဓာတုကျွမ်းကျင်ပညာရှင်များနှင့်ပူးပေါင်းပြီး မူးယစ်ဆေးဝါးထုတ်လုပ်လျက်ရှိသည်ကို တွေ့ရှိရကြောင်း ပြည်ထဲရေးဝန်ကြီး ပြောကြား
■ပုံစာ- တောင်ကြီးမြို့တို့တွင် ဇွန် ၂၆ ရက်က   ပြုလုပ်သည့် ဖမ်းဆီးရမိ မူးယစ်ဆေးဝါးများမီးရှို့ဖျက်ဆီးခြင်းနှင့် ဓာတုပစ္စည်းများဖျက်ဆီးခြင်း အခမ်းအနားတွင် ပြည်ထဲရေးဝန်ကြီးအား တွေ့ရစဉ်။
■ပုံစာ- တောင်ကြီးမြို့တို့တွင် ဇွန် ၂၆ ရက်က   ပြုလုပ်သည့် ဖမ်းဆီးရမိ မူးယစ်ဆေးဝါးများမီးရှို့ဖျက်ဆီးခြင်းနှင့် ဓာတုပစ္စည်းများဖျက်ဆီးခြင်း အခမ်းအနားတွင် ပြည်ထဲရေးဝန်ကြီးအား တွေ့ရစဉ်။
Published 27 June 2024

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (EAO) အချို့အနေဖြင့် ၎င်းတို့၏ထိန်းချုပ်နယ်မြေများတွင် ပြည်ပမှ ဓာတုကျွမ်းကျင်ပညာရှင်များနှင့်ပူးပေါင်းပြီး မူးယစ်ဆေးဝါး ထုတ်လုပ်လျက်ရှိသည်ကို တွေ့ရှိရကြောင်း နိုင် ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ်တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့ဥက္ကဋ္ဌ၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က ပြောကြားသည်။

၂၀၂၄ ခုနှစ် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့သို့ ပေးပို့သည့် သဝဏ်လွှာတွင် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် က အထက်ပါအချက်ကို ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံသည် ၂၀၂၃ ခုနှစ်တွင် ဘိန်းစိုက်ပျိုးမှု အနည်းငယ်မြင့်တက်လာသည်ကို တွေ့ရှိရကြောင်း၊ ထို့ကြောင့် ဘိန်းစိုက်ပျိုးထုတ်လုပ်မှု လျှော့ချနိုင်ရန်အတွက် ဘိန်းစိုက်ရာသီအတွင်း တပ်မတော်၊ မြန်မာ နိုင်ငံရဲတပ်ဖွဲ့၊ ဆက်စပ်ဌာနဆိုင်ရာများ ပူးပေါင်း၍ ဒေသခံတိုင်းရင်းသား ပြည်သူများ ပူးပေါင်းပါဝင်လာအောင် စည်းရုံးခြင်း၊ အသိပညာပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်နိုင်ခဲ့သည့်အပြင် ၂၀၂၃-၂၀၂၄ ခုနှစ် ဘိန်းစိုက်ပျိုး ရာသီအတွင်း ဘိန်းခင်း ၆၁၈၁ ဧကကို ဖျက်ဆီးနိုင်ခဲ့ကြောင်း၊ ဘိန်းအစားထိုးဖွံ့ဖြိုးရေးလုပ်ငန်းများကိုလည်း အစားထိုးဖွံ့ဖြိုးမှု အကောင်အထည်ဖော်ရေး စီမံခန့်ခွဲမှုအဖွဲ့၊ သီးနှံများအစားထိုးစိုက်ပျိုးရေးအဖွဲ့နှင့် မွေးမြူရေးအဖွဲ့တို့မှ စဉ်ဆက်မပြတ် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း ပြည်ထဲရေးဝန်ကြီးက ပြောကြားသည်။

ထို့ပြင် မြန်မာနိုင်ငံသည် ယခင်က ဘိန်းစိုက်ပျိုးမှုနှင့် ဘိန်းဖြူထုတ်လုပ်မှုသည် အဓိက ပြဿနာတစ်ရပ် ဖြစ်ခဲ့သော်လည်း ယခုအခါ ကမ္ဘာ့နိုင်ငံများနည်းတူ လူလုပ်မူးယစ်ဆေးဝါး (Synthetic Drug) ထုတ်လုပ်၊ သယ် ဆောင်၊ ရောင်းဝယ်မှုပြဿနာကို ဆိုးရွားစွာ ရင်ဆိုင်နေရကြောင်း၊ လူလုပ်မူးယစ်ဆေးဝါး (Synthetic Drug) ထုတ်လုပ်မှုလျှော့ချရေးအတွက် ထိန်းချုပ်ဓာတုပစ္စည်းနှင့် ထိန်းချုပ်ထားခြင်းမရှိသည့် ဓာတုပစ္စည်းများ တ ရားမဝင်ဝင်ရောက်လာမှုအား ထိရောက်စွာ ထိန်းချုပ်နိုင်မှသာ ထုတ်လုပ်မှုလျော့ကျနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံအနေဖြင့် ဓာတုပစ္စည်း ၃၉ မျိုးကို ထိန်းချုပ်လျက်ရှိပြီး ဓာတုပစ္စည်းများ လမ်းလွဲမရောက် ရှိစေရေးအတွက် အဆင့်ဆင့်စစ်ဆေးကြပ်မတ်၍ ဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်ပနိုင်ငံများမှ ဓာတုပစ္စည်းများ တရားမဝင် ဝင်ရောက်မှုမရှိစေရေးနှင့် လမ်းလွဲမရောက်ရှိစေရေးအတွက် အိမ်နီးချင်းနိုင်ငံများ၊ ဓာတုပစ္စည်းတင်ပို့ရောင်းချသည့် ပြည်ပနိုင်ငံများ နှင့် ပို့ကုန်ကြိုတင်သတင်းပေး (Pre-Export Notification, PEN ) စနစ်ဖြင့် ဆက်သွယ် ဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ဆိုသည်။

မြန်မာနိုင်ငံသည် ဓာတုပစ္စည်းများ ထုတ်လုပ်နိုင်ခြင်းမရှိဘဲ ပထဝီအနေအထားအရ စက်မှုဖွံ့ဖြိုးပြီး ဓာတုပစ္စည်းထုတ်လုပ်သည့် နိုင်ငံတို့အကြားတည်ရှိနေသည့်အတွက် နယ်စပ်ဒေသများမှ မူးယစ်ဆေးဝါး ချက်လုပ်ရာတွင် အသုံးပြုသည့်ဓာတုပစ္စည်းများ တရားမဝင်ဝင်ရောက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံအတွင်းရှိ အချို့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များသည် မူးယစ်ဆေးဝါးနှင့် ပါဝင်ပတ်သက်ခြင်းမရှိကြောင်း ငြင်း ဆိုနေသော်လည်း လက်တွေ့တွင်မူ ၎င်းတို့ ထိန်းချုပ်ရာနယ်မြေများ၌ ဓာတုပစ္စည်းများကို နယ်စပ်ဖြတ်ကျော် တရားမဝင်တင်သွင်းခြင်း၊ ပြည်ပမှ ဓာတုကျွမ်းကျင်ပညာရှင်များနှင့် ပူးပေါင်းပြီး မူးယစ်ဆေးဝါးထုတ်လုပ် လျက်ရှိသည်ကို တွေ့ရှိရကြောင်း ၎င်းက ပြောကြားသည်။

နိုင်ငံတော်အစိုးရအနေဖြင့် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးလုပ်ငန်းများကို  အရှိန်အဟုန်မြှင့် ဆောင်ရွက်နေချိန်တွင် လက်ရှိဖြစ်ပေါ်နေသည့် နိုင်ငံရေးမတည်ငြိမ်မှုများအပေါ် အခွင့်ကောင်းယူပြီး အကြမ်းဖက် သောင်းကျန်းသူများက မြို့/ရွာများကို မီးရှို့ဖျက်ဆီးခြင်း၊ အင်အားတိုးချဲ့ခြင်း၊ ၎င်းတို့ တိုင်းရင်းသားများ နေထိုင်ရာဒေသများ၌ မတည်မငြိမ်ဖြစ်အောင် အဖျက်လုပ်ငန်းများ ပြုလုပ်ခြင်းဖြင့် စီးပွားရေးကျဆင်းအောင် ဆောင်ရွက်ခြင်း၊ မြို့/ရွာများ၌ ပညာသင် ကြားခွင့်မရအောင်ဆောင်ရွက်ခြင်းတို့အား ပြုလုပ်လျက်ရှိသည်ကို တွေ့ရှိရကြောင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့်လည်း လမ်းပန်းဆက်သွယ်ရေးများ မပြတ်တောက်စေရေးနှင့် ဒေသတည်ငြိမ်ရေး အကြမ်းဖက် သောင်းကျန်းသူများ၏ တရားမဝင်မူးယစ် ဆေးဝါးသယ်ဆောင် ရောင်းဝယ်နေမှုကို တားဆီးနှိမ်နင်းရေးနှင့် လက်နက်၊ ခဲယမ်း၊ မီးကျောက်သယ်ယူမှု များကို တားဆီးနိုင်ရေး တို့အတွက် ငြိမ်းချမ်းရေးကို လိုလားသည့် တိုင်းရင်းသားအဖွဲ့များ၊ တပ်မတော်သား များနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ပူးပေါင်းပြီး လုံခြုံရေးနှင့်ပတ်သက်၍ လုပ်သင့်လုပ်ထိုက်သည်များကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိကြောင်း ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က ပြောကြားသည်။

Most Read

Most Recent