မဟာဗောဓိမြိုင်ဆရာတော်ကြီး၏ အန္တိမဈာပနအခမ်းအနားကို မေ ၁၀ ရက်တွင် ပြုလုပ်မည်ဖြစ်ပြီး ရုပ်ကလာပ်တော်အား မည်သည့်နေရာတွင် အပူဇော်ခံထားရှိမည်ဆိုသည်ကို ဆရာတော်ကြီးများနှင့် ညှိနှိုင်းတိုင်ပင်ကာ လုပ်ဆောင်မည်

မဟာဗောဓိမြိုင်ဆရာတော်ကြီး၏ အန္တိမဈာပနအခမ်းအနားကို မေ ၁၀ ရက်တွင် ပြုလုပ်မည်ဖြစ်ပြီး ရုပ်ကလာပ်တော်အား မည်သည့်နေရာတွင် အပူဇော်ခံထားရှိမည်ဆိုသည်ကို ဆရာတော်ကြီးများနှင့် ညှိနှိုင်းတိုင်ပင်ကာ လုပ်ဆောင်မည်
Published 9 May 2024

မဟာဗောဓိမြိုင်ဆရာတော်ကြီး၏ အန္တိမစျာပနအခမ်းအနားကို မေ ၁၀ ရက်တွင် ပြုလုပ်မည်ဖြစ်ပြီး ရုပ်ကလာပ်တော်အား မည်သည့်နေရာတွင် အပူဇော်ခံထားရှိမည်ဆိုသည်ကို ဆရာတော်ကြီးများနှင့် ညှိနှိုင်းတိုင်ပင်ကာ လုပ်ဆောင်မည်ဖြစ်ကြောင်း ဆရာတော်နှင့် နီးစပ်သူများထံမှ သိရသည်။

“ရုပ်ကလာပ်ကတော့ မီးမပူဇော်ဘူး။ ဆက်ပြီး အပူဇော်ခံမှာ ဖြစ်တဲ့အတွက် အခုကတော့ ကြွရောက်လာတဲ့ဆရာတော်တွေ၊ သံဃာတော်တွေကို ဆွမ်းလောင်းတာပဲ လုပ်သွားမယ်” ဟု ဆရာတော်နှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။

မေ ၁၀ ရက်တွင် ဆရာတော်ကြီး၏ အန္တိမစျာပနအခမ်းအနားကို ကန့်ဘလူမြို့နယ် မလည်တိုက်နယ်၊ ေဥယျဓမ်တောရတွင် ပြုလုပ်မည်ဖြစ်ပြီး သံဃာ့နာယကအစည်းအဝေးပြုလုပ်ပြီး ရုပ်ကလာပ်တော်ကို ဆရာတော်များနှင့် တိုင်ပင်ကာ မည်သည့်နေရာတွင် ထားရှိမလဲဆိုသည်ကို ဆုံးဖြတ်မည်ဖြစ်ကြောင်း ဆရာတော်နှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။

“မနက်ဖန် (မေ ၁၀ ရက်) ကျရင် ယျေဥဓမ်မှာ အန္တိမစျာပနအခမ်းအနားလုပ်မယ်။ ပြီးရင် သံဃာ့နာယက အစည်းအဝေးလုပ်မယ်။ ပြီးလို့ရှိရင် ရုပ်ကလာပ်ကို ဘယ်မှာ အပူဇော်ခံထားရှိမယ်ဆိုတာကို အစ်မတို့က  ဆရာတော်ကြီးတွေရဲ့ အဆုံးအဖြတ်နဲ့မှ ပြန်ဆုံးဖြတ်မယ်” ဟု ဆရာတော်၏ ဆွေမျိုးတစ်ဦးက ပြောကြားသည်။

ရန်ကုန်မြို့မှလည်း ဆရာတော်၏ ရုပ်ကလာပ်တော်အား သွားရောက်ဖူးမြော်သူများရှိပြီး ရေကြည်ဦးလမ်းပိုင်းတွင် ပိတ်ထားသဖြင့် အခြားလမ်းမှသွားရောက်ကာ ဖူးမြော်ရန် စီစဉ်လျက်ရှိကြောင်း ခေတ်ရှေ့ဆောင်ဘုရားဖူးယာဉ်မှ တာဝန်ခံကိုလှမြင့်ဦးက မေ ၉ ရက် မွန်းလွဲပိုင်းက ပြောကြားသည်။

“အခုလောလောဆယ်ကတော့ ကျွန်တော်တို့က ရွှေဘိုကျော်ပြီး ခင်ဦးကျော်သွားပြီပေါ့။ ဆရာတော်ကြီးကို သွားဖူးမလို့ပေါ့။ ဒီကနေကားလေးတွေနဲ့ချိန်းပြီး သွားရမှာပေါ့။ ကားကြီးတွေနဲ့က အဆင်မပြေဘူး။ ကားကြီးတွေနဲ့က လမ်းမပေါ်မှာ ပြန်ချိန်းပြီး ကားလေးတွေနဲ့ ဆက်သွားရမှာပေါ့။ ပိတ်ထားတာက ရေကြည်ဦးနားမှာ ပိတ်ထားတယ်ပြောတယ်။ ကျွန်တော်တို့က အဲ့ဒီနားကိုတော့ မရောက်ဘူးပေါ့။ ကားလေးတွေနဲ့သွားမှာ” ဟု ကိုလှမြင့်ဦးက ပြောကြားသည်။

မဟာဗောဓိမြိုင်ဆရာတော်ကြီး၏ ရုပ်ကလာပ်တော်အား မီးပူဇော်ခြင်းမပြုဘဲ အများပြည်သူဖူးမြော်နိုင်ရန် စံကျောင်းဖြင့် ထိန်းသိမ်းထားမည်ဖြစ်သည်။

Most Read

Most Recent