ပြည်တွင်းမှ ဆန်ကားများ ဝင်ရောက်မှုနည်းပါးပြီး ဆန်ဝယ်လိုအားများပြားနေသည့်အတွက် မြဝတီနယ်စပ်မြို့ ဆန်စျေးကွက်တွင် ထိုင်းဆန်များ ဝင်ရောက်နေရာယူလာကြောင်း သိရ

ပြည်တွင်းမှ ဆန်ကားများ ဝင်ရောက်မှုနည်းပါးပြီး ဆန်ဝယ်လိုအားများပြားနေသည့်အတွက် မြဝတီနယ်စပ်မြို့ ဆန်စျေးကွက်တွင် ထိုင်းဆန်များ ဝင်ရောက်နေရာယူလာကြောင်း သိရ
Published 14 June 2024

မိုးရွာသွန်းပြီး လမ်းခရီးအခြေအနေကြောင့် မြန်မာဆန်ကားများ အရောက်နည်းခြင်း၊ ဆန်ဆိုင်အချို့ အရောင်းပိတ်ထားခြင်းနှင့် ဝယ်လိုအားများပြားနေသည့်အတွက် မြန်မာ-ထိုင်းနယ်စပ်မြတီမြို့တွင် ဆန်စျေးကွက်တွင် ထိုင်းဆန်များ နေရာဝင်ယူလာကြောင်း သိရသည်။

ဇွန်  ရက်က မြဝတီမြို့ပေါ်ရှိ ဆန်ဆိုင်အားလုံးနီးပါး အရောင်းပိတ်ထားခြင်းကြောင့် ဒေသခံပြည်သူများ ကသောင်းကနင်းဖြစ်ခဲ့ရကြာင်း အမှတ်()ရပ်ကွက်နေ ပြည်သူတစ်ဦးက ပြောကြားသည်။

လွန်ခဲ့တဲ့ရက်တွေက ဆန်လိုက်ဝယ်တာ တစ်မြို့လုံးအနှံ့ပါ။ အရောင်းပိတ်ထားတာနဲ့ ဆိုင်တံခါးပိတ်ထားတာနဲ့၊ ဆန်ကုန်ပြီဆိုပြီး မရောင်းတာနဲ့ ဆန်ဆိုင်တွေရှိရှိနဲ့ ထုတ်မရောင်းတာတော့  အတော်စိတ်ပျက်စရာကောင်းပါတယ်။ မနေ့ကတော့ မတတ်သာတဲ့အဆုံး ထိုင်းဆန်ဝယ်လိုက်ပါတယ်ဟု ၎င်းင်းက ဆိုသည်။

ဇွန် ၁၃ ရက်မှစကာ ဆန်ဆိုင်အချို့ ပြန်လည်ဖွင့်လှစ်လျက်ရှိသော်လည်း မြန်မာဆန် ကားများဝင်ရောက်လာခြင်းမရှိ၍ လက်ရှိတွင် ဆန်မာနှင့်ထိုင်းဆန်တို့ကိုသာ အစားထိုး ရောင်းချနေကြရသည်ဟု ဆန်ဆိုင်ပိုင်ရှင်တစ်ဦးက ပြောကြားသည်။

အာရှလမ်းကလည်း ပိတ်ထားဆဲ။ လမ်းဟောင်းက တက်လာဖို့လာတာလည်း မြပဒိုင်ကနေ တောင်ခြေအောက်ဗိုလ်တဲကို ရောက်ဖို့ရွာလမ်းကလာတယ်။ အဆင်းကုန်ကားတွေနဲ့ဆုံနေတော့ လမ်းဘေးမချရဲဘူး။ ချရင်စောင်းသွားတာ၊ လဲသွားတာတွေဖြစ်တယ်။ လမ်းမှာ ရပ်စောင့်နေရတာ လနဲ့ချီကြာတယ်။ ထို့ကော် ကိုးလမ်းကတော့ လုံးဝတက်လို့ မရပါဘူး။အခုဆိုရင်ဆိုင်မှာရှိတာ ဆန်ပျော့ ရွှေဘိုပေါ် ဆန်းခြောက်ပြည်အိတ်သေးနဲ့ ဆန်မာပဲရှိတယ်။ ထိုင်းဆန်ပျော့တွေကတော့  ၂၂  ပြည် တစ်အိတ်ကို ၁၈၅၀၀၀ နဲ့ ရောင်းချပေးနေပါတယ်ဟု ဘုရင့်နောင်စျေးအနီးရှိ ဆန်ဆိုင်ပိုင်ရှင်တစ်ဦးက ပြောကြားသည်။

မြဝတီမြို့ရှိ ဆန်ဆိုင်အများစုမှာ အရောင်းပိတ်ထားခြင်း၊ စျေးနှုန်းမြင့်တက်နေခြင်းတို့ကြောင့် ဒေသတွင်း အခြေခံလက်လုပ်လက်စားများ၊ ပြည်သူများအခက်ကြုံနေကြောင်း ဒေသခံများထံမှ သိရသည်။

Most Read

Most Recent