ရုရှားမပါတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဘယ်လိုရလဒ်ထွက်မလဲ

ရုရှားမပါတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဘယ်လိုရလဒ်ထွက်မလဲ
Photo: AFP
Photo: AFP
Published 16 June 2024
ခက်ဝေ

ယူကရိန်းအရေးနှင့် ပတ်သက်ပြီး ၂၀၂၄ ခုနှစ်၊ ဇွန် ၁၅-၁၆ ရက်တွင်ကျင်းပ သည့် ထိပ်သီးဆွေးနွေးပွဲသည် ငြိမ်းချမ်းရေး ဆွေးနွေးပွဲဟုသာဆိုသော်လည်း ပုံမှန်ငြိမ်းချမ်းရေးဆွေးနွေးပွဲမျိုး မဟုတ်ပေ။ ထိုပွဲသို့ ရုရှားနိုင်ငံက တက်ရောက်ခြင်းမရှိ။ ထို့ ကြောင့် စစ်ပွဲရပ်တန့်ရေးအတွက် ရည်ရွယ် သည့် မည်သည့်ဆွေးနွေးပွဲမဆို ရုရှားမပါဘဲ အပြီးသတ်သဘောတူညီမှုဟူသည် မရနိုင် ပေ။

ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်းစကီးက အချက် ၁၀ ချက်ပါသည့် ငြိမ်းချမ်း ရေးစီမံချက်တစ်ရပ်ကို ၂၀၂၂ ခုနှစ်၊ နိုဝင် ဘာကတည်းက ပြင်ဆင်ထားပြီး ၎င်းင်းစီမံ ချက်တွင် လက်သင့်ခံနိုင်ဖွယ်အချက်အချို့ကို ထည့်ထားသည်။

နျူကလီးယားဘေးမှ ကင်းဝေးရေး ( ယူ ကရိန်းဇာပိုရီးရှား နျူကလီးယားဓာတ်အား ပေးစက်ရုံကို ရုရှားက သိမ်းပိုက်ထားမှု၊ နျူ လက်နက်များဖြင့် ရုရှားက ခြိမ်းခြောက်မှု တို့ကို ရည်ရွယ်သည်)၊ စားနပ်ရိက္ခာဖူလုံရေး (စစ်ပွဲကြောင့် ကမ္ဘာ့စားသောက်ကုန် အဝင် အထွက်များ အဆင်မပြေဖြစ်ရခြင်းနှင့် ယူ ကရိန်းပင်လယ်နက်ဆိပ်ကမ်းများမှ လွတ် လပ်စွာ ရေကြောင်းသွားလာခွင့် မရခြင်းတို့ ကို ရည်ရွယ်သည်) နှင့် စွမ်းအင်ဖူလုံရေး( ယူ ကရိန်းစွမ်းအင်ထုတ်လုပ်သည့် နေရာများ ကို ရုရှားက တိုက်နေမှုတို့ကို ရည်ရွယ်သည်) တို့ကို ဇယ်လန်စကီကတောင်းဆိုထားသည်။

ထို့ပြင် ယူကရိန်းအကျဉ်းသားအားလုံး လွတ် မြောက်ရေး၊ ရုရှားသို့နှင်ထုတ်ခံလိုက်ရသည့် ယူကရိန်းကလေးငယ်များ ပြန်လာခွင့်ရရေး၊ ၂၀၁၄ ခုနှစ်မတိုင်မီက အခြေအနေအတိုင်း ယူကရိန်းပြန်ဖြစ်လာရေး၊ ရုရှားတပ်ဖွဲ့အား လုံး ဆုတ်ခွာရေး၊ (စစ်ရာဇဝတ်မှုများအတွက် အထူးခုံရုံးတစ်ရုံးမှ အရေးယူကာ ယူကရိန်း ဘက်က ဆုံးရှုံးနစ်နာခဲ့မှုများအတွက် လျော် ကြေးပေးရေးအပါအဝင်)  နိုင်ငံတကာ ဥပ ဒေအတိုင်း တရားမျှတမှုရရေး စသည့် အချက်များပါဝင်သည်။ နောက်ထပ် ရုရှား က မကျူးကျော်ပါဆိုသည့် လုံခြုံရေးအာမခံ ချက်ရရေးနှင့် နိုင်ငံပေါင်းစုံပါဝင်သည့် ငြိမ်း ချမ်းရေးညီလာခံမှ သဘောတူညီမှုတစ်ရပ်ထွက်ပေါ်လာရေးတို့ကိုလည်း ယူကရိန်း သမ္မတက တောင်းဆိုထားသည်။

ညီလာခံကို ဘယ်နိုင်ငံတွေ တက်မလဲ

အိမ်ရှင်နိုင်ငံဖြစ်သည့် ဆွစ်လာဇန်နိုင် ငံအဆိုအရ ယခုငြိမ်းချမ်းရေးညီလာခံသို့ ဖိတ်ကြားထားသည့်နိုင်ငံပေါင်း ၁၆၀ အ နက်  နိုင်ငံပေါင်း ၉၀ နီးပါးက တက်မည်ဟု လက်ခံထားသည်။ ဥရောပခေါင်းဆောင် အများစုလည်း တက်ရောက်ကြမည်ဖြစ်ပြီး ဒုတိယသမ္မတ ကမ်မလာဟဲရစ်က အမေရိ ကန်ကိုယ်စားပြုတက်ရောက်မည်။

ပြီးခဲ့သည့်ရက်ပိုင်းကမှ ဂျီ ၇ အစည်း အဝေးကို အီတလီနိုင်ငံတွင်ကျင်းပပြီးစီးခဲ့သည်။ ထိန်းချုပ်ကန့်သတ်လိုက်သည့် ရုရှား ၏ ပိုင်ဆိုင်မှုများကို ယူကရိန်းနိုင်ငံပြန်လည် တည်ဆောက်ရေးနှင့် ကာကွယ်ရေးတွင် အ သုံးချခွင့်ပေးရန်၊ ထိုစစ်လျော်ကြေးကိစ္စကို ဂျီရနိုင်ငံများက လက်တွေ့အကောင်အ ထည်ဖော်ပေးရန် ယူကရိန်းဘက်က မျှော် လင့်နေသည်။

ဇူလိုင်တွင် နေတိုးထိပ်သီးညီလာခံနှင့် ဥရောပသမဂ္ဂ ထိပ်သီးအစည်းအဝေးများ လည်း ကျင်းပဦးမည်ဖြစ်ပြီး  ထိုအစည်းအ ဝေးများကလည်း ၎င်းင်းအဖွဲ့များတွင် အဖွဲ့ဝင် ဖြစ်ရန်ဆန္ဒပြင်းပြနေသည့် ယူကရိန်းအ တွက် အရေးပါသည်ဟုဆိုရမည်။

ယခု ဆွစ်ဇာလန်ဆွေးနွေးပွဲတွင် ယူ ကရိန်း၏ အဓိက ပစ်မှတ်နိုင်ငံများက Global South နိုင်ငံများဖြစ်သည်။ ဘရာဇီး၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ တူရကီနှင့် တောင် အာဖရိကနိုင်ငံများက အဓိကကျပြီး Global South ၏ အင်အားအကြီးဆုံး နှစ်နိုင်ငံက တရုတ်နှင့် အိန္ဒိယဖြစ်သည်။ဆော်ဒီအာရေဗျနှင့် ပါကစ္စတန်က ဆွေးနွေးပွဲကို မတက် ပေ။

တရုတ်နိုင်ငံကလည်း ယူကရိန်း-ရုရှား စစ်ပွဲစဖြစ်ကတည်းက ရုရှားနှင့် ပိုမိုပေါင်း စည်းမိလာပြီးဆွေးနွေးပွဲကို ရုရှားက မတက်၊ တရုတ်လည်း မတက်ပေ။ ထို့ကြောင့် ယူက ရိန်းသမ္မတ ဇယ်လန်းစကီးက တရုတ်သည် ရုရှားနှင့်ပေါင်းပြီး အခြားနိုင်ငံများ ဆွစ်ဇာ လန်ဆွေးနွေးပွဲသို့ မတက်အောင် လိုက်တား နေသည်ဟု ပြောသည်။

အဓိကထား ဆွေးနွေးမည့် ကိစ္စရပ်များ

နျူကလီးယားဘေးကင်းရေး၊ စားနပ် ရိက္ခာဖူလုံရေး၊ အကျဉ်းသားများနှင့် နှင် ထုတ်ခံရသည့်ကလေးများ နေရပ်ပြန် ရောက်ရေးတို့ကို ညီလာခံတွင် ဦးစားပေး ဆွေးနွေးမည်ဟု ယူကရိန်းအစိုးရက ကြေ ညာထားသည်။ ဆွစ်ဇာလန်နိုင်ငံကမူ ယခု ဆွေးနွေးပွဲမှ အခြေအနေတိုးတက်မှု ကြီးကြီး မားမား မရနိုင်သေးသည့်ပုံမျိုး ပြောနေပြီး ဒုတိယအကြိမ်ဆွေးနွေးပွဲ လိုရင်လိုလိမ့်မည်၊ နောက်တစ်ကြိမ်ဆွေးနွေးပွဲတွင် ရုရှားလည်း ပါလာနိုင်သည်ဟု ပြောသည်။

နောက်ဦးစားပေးဆွေးနွေးမည့် အရာ က ယူကရိန်း၏ အသိအမှတ်ပြုနယ်မြေများ ကို ပြန်ပေးရေးအတွက် ပိုမိုထောက်ခံကြရန် ဖြစ်သည်။ ထိုအရေးအတွက် ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းပါ ပိုဒ်ခွဲ၂ ကို ယူကရိန်းက ရည်ညွှန်းနေသည်။ ၎င်းင်းပိုဒ်ခွဲ၂ တွင် နိုင်ငံ တစ်နိုင်ငံက အခြားနိုင်ငံ၏ နယ်မြေတည်တံ့ ခိုင်မြဲရေးကို ဆန့်ကျင်သည့် အင်အားသုံး ခြင်းမျိုး မပြုလုပ်ရဟု ဆိုထားသည်။

ထိုသဘောထားကို ကုလသမဂ္ဂလုံခြုံ ရေးကောင်စီ၏ဆုံးဖြတ်ချက်အများစုတွင် လည်း ထည့်သွင်းထောက်ခံခဲ့ကြသည်။အ ထူးသဖြင့် အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခ တွင်ဖြစ်သည်။

ရုရှား-ယူကရိန်း စစ်ပွဲကိုကြည့်လျှင် လည်း ၂၀၂၂ ခုနှစ်နှင့် ၂၀၂၄ ခုနှစ်အတွင်း ကုလသမဂ္ဂ အထွေထွေညီလာခံအစည်းအဝေးသုံးခုတွင် နိုင်ငံပေါင်း ၁၄၁ နိုင်ငံက  ရုရှားကိုရှုတ်ချကာ ယူကရိန်းမှ ရုရှားတပ် များ ဆုတ်ခွာခိုင်းသည့် တောင်းဆိုချက်ကို ထောက်ခံခဲ့ကြသည်။ ရုရှားဘက်မှ ရပ်တည် သည့်နိုင်ငံက အနည်းစုသာရှိသည်။

မည်သည့်အပစ်အခတ်ရပ်စဲရေး သ ဘောတူညီမှုရပါစေ ယူကရိန်းက ခရိုင်းမီး ယားကျွန်းဆွယ်နှင့် ဒွန်းဘတ်စ်ဒေသတို့ကို အပြီးတိုင်လက်လွှတ်ရလိမ့်မည်ဟု ပြောနေ သူအချို့လည်းရှိသည်။ ယူကရိန်းအတွက် ၎င်းင်းဒေသများသည် ပိုင်နက်ဆိုသည်ထက် ပိုသည်။ စစ်မဖြစ်မီက ၎င်းင်းဒေသများတွင် ယူ ကရိန်းပြည်သူ သန်းနှင့်ချီ နေထိုင်ခဲ့ကြပြီး စစ်ဖြစ်လာပြီးနောက် အများစု ထွက်ပြေး သွားကြသည်။

Global South နိုင်ငံတွေ ဘာလို့ဘေးထွက်နေ

နိုင်ငံအများစုက ကုလသမဂ္ဂတွင် ယူ ကရိန်းဘက်မှထောက်ခံကြသော်လည်း Global Southနိုင်ငံအများစုက ရုရှားကို သံ တမန်ရေးဖြစ်စေ၊ ကုန်သွယ်ရေးဖြစ်စေ ပိတ် ဆို့ဒဏ်ခတ်ရန် ဝန်လေးကြသည်။

ရုရှားသည် Global South နိုင်ငံများနှင့် သံတမန်ရေးထိတွေ့မှုကောင်းပြီး အချို့ နိုင်ငံများကို အထူးသဖြင့် အာဖရိကရှိ နိုင်ငံ များကို စစ်ရေးအကူအညီများ ပေးထား သည်။ ထို့ကြောင့် ၎င်းတို့က တရုတ်၏ထောက်ခံမှုရထားသည့် ရုရှားနှင့် အနောက် အုပ်စုတို့အကြား ပဋိပက္ခတွင် ကြားညပ် မဖြစ်လိုကြပေ။

ရုရှားတပ်များ အလုံးစုံဆုတ်ခွာရေး သည် ဆွေးနွေးမှုများတွင် မဖြစ်နိုင်သည့် အချက်ဟု ရုရှားက ပြောထားသည်။အလား တူ ရုရှားမပါဝင်သည့် ဆွေးနွေးပွဲမှ ရလာဒ် ကြီးကြီးမားမား ထွက်ပေါ်လာနိုင်ခြေမှာ သိပ်မရှိပေ။ သို့သော်ယခုဆွေးနွေးပွဲကြောင့် ဂါဇာစစ်ပွဲကို လချီအာရုံစိုက်နေကြရာမှ ယူ ကရိန်းစစ်ပွဲကို ပြန်အာရုံစိုက်လာစေနိုင် သည်။

 

ရုရှားရဲ့ လက်ရှိသဘောထား

တိုက်ပွဲရပ်ပေးမည်ဟုဆိုကာ လက်ရှိ ရုရှားသမ္မတပူတင်ဘက်က အချက်အချို့ကို ဇွန် ၁၄ ရက်တွင် ကမ်းလှမ်းထားသည်။

ရိုးရှင်းသည့်အချက်များဟု ပူတင်ပြော ထားသည့်ကမ်းလှမ်းချက်ထဲတွင်  ရုရှားတပ် များ တစ်စိတ်တစ်ပိုင်း ထိန်းချုပ်ထားသည့် ဒွန်းညက်စ်၊ လူဟန့်စ်ခ်၊ ခါဆွန်နှင့် ဇာပိုရီး ရှားဒေသလေးခုကို ယူကရိန်းဘက်က အ ပြည့်အဝလက်လွှဲပေးရန်နှင့်  ယူကရိန်းတပ် များ အလုံးစုံဆုတ်ခွာသွားရန် တောင်းဆို ထားသည်။

ယူကရိန်းဘက်က သဘောတူပြီး အ မှန်တကယ်ဆုတ်ခွာပြီဆိုပါက ရုရှားဘက်မှ လည်း ချက်ချင်းပင်အပစ်အခတ်ရပ်စဲပြီး ညှိနှိုင်းမည်ဟု ပူတင်ကပြောသည်။ ထို့ပြင် ယူကရိန်းတပ်များ ဘေးကင်းစွာနှင့် ဆုတ်ခွာ နိုင်စေရမည်ဟုလည်း အာမခံချက်ပေးထား သည်။

ပူတင်၏တောင်းဆိုချက်ထဲတွင် ယူက ရိန်းက နေတိုးအဖွဲ့ဝင်ဖြစ်ရေး ကြိုးပမ်းနေ သည်ကို စွန့်လွှတ်ရမည်၊ အနောက်အုပ်စုက အရေးယူပိတ်ဆို့ထားခြင်းများလည်း ရပ်ရ မည်ဟု ပြောထားသည်။ ဆွစ်ဇာလန်တွင် ယူကရိန်းငြိမ်းချမ်းရေးဆွေးနွေးပွဲ မကျင်းပမီ တစ်ရက်အလိုတွင် ရုရှားခေါင်းဆောင်၏ ကမ်းလှမ်းချက် ထွက်လာခြင်းဖြစ်သည်။

 

 

Most Read

Most Recent