■ ဇွန် ၁ ရက်မှစပြီး ရွှေ့ပြောင်းလုပ်သားများကို ဝင်ခွင့်ပိတ်ပင်ကြောင်း မလေးရှား ကြေညာ

■ ဇွန် ၁ ရက်မှစပြီး ရွှေ့ပြောင်းလုပ်သားများကို ဝင်ခွင့်ပိတ်ပင်ကြောင်း မလေးရှား ကြေညာ
■ Photos- မေ ၃၁ ရက်က မလေးရှားနိုင်ငံ၏ ကွာလာလမ်ပူလေဆိပ်တွင် ရွှေ့ပြောင်းလုပ်သားများကို တွေ့ရစဉ် (CNA)
■ Photos- မေ ၃၁ ရက်က မလေးရှားနိုင်ငံ၏ ကွာလာလမ်ပူလေဆိပ်တွင် ရွှေ့ပြောင်းလုပ်သားများကို တွေ့ရစဉ် (CNA)
Published 1 June 2024
■ Ref: The Business Standard

မလေးရှားနိုင်ငံသည် ဘင်္ဂလားဒေ့ရှ်နှင့် အခြား ၁၅ နိုင်ငံမှ ရွှေ့ပြောင်းလုပ်သားများကို မေ ၃၁ ရက်နောက်ပိုင်း ပြည်ဝင်ခွင့်ပိတ်ပင်ကြောင်း ကြေညာခဲ့သဖြင့် ဇွန် ၁ ရက်မှစပြီး ရွှေ့ပြောင်းလုပ်သားများသည် မလေးရှားနိုင်ငံအတွင်းသို့ ဝင်ခွင့်ရတော့မည်မဟုတ်ကြောင်း The Business Standard သတင်းတွင် ဖော်ပြထားသည်။

ထိုဆုံးဖြတ်ချက်ကို ပြန်လည်ပြင်ဆင်ဖွယ်မရှိကြောင်း မလေးရှား၏ ဒါကာမြို့တော်ဆိုင်ရာ မဟာမင်းကြီး ဟက်ဇ်နာ မက် ဟာရှင်မ်က ပြောာကြားခဲ့သည်။

“မလေးရှားဟာ ကျွန်တော်တို့ရဲ့ အကြီးဆုံး စျေးကွက်တွေထဲက တစ်ခုဖြစ်တာကြောင့် ဒီဆုံးဖြတ်ချက်ကို ပြန်လည် သုံးသပ်ပါလိမ့်မယ်” ဟု ဘင်္ဂလားဒေ့ရှ် နိုင်ငံတကာ အလုပ်သမားစုဆောင်းရေး အေဂျင်စီများအသင်း၏ အတွင်းရေးမှူးချုပ် အလီ ဟိုင်ဒါ ချိုဒဟူရီက ပြောသည်။

ပြီးခဲ့သည့်နှစ်က မလေးရှားနိုင်ငံသည် ဘင်္ဂလားဒေ့ရှ် လုပ်သားများအတွက် ဒုတိယအကြီးဆုံး အလုပ်အကိုင်စျေးကွက်တစ်ခုဖြစ်ခဲ့ပြီး မလေးရှားတွင် ဘင်္ဂလားဒေ့ရှ်ရွှေ့ပြောင်းလုပ်သားပေါင်း ၄၀၀၀၀၀ ကျော်ရှိခဲ့သည်။

မလေးရှားပြည်ထဲရေးဝန်ကြီး ဆာအီဖူဒင် နက်ဆူရှင် အစ္စမေးလ်ကမူ ဇွန် ၁ ရက်မှစပြီး မလေးရှားအစိုးရသည် လက်ရှိ လုပ်သားအင်အား ကန့်သတ်ပမာဏအောက်တွင် ပြည်ပလုပ်သားများကို ဝင်ခွင့်ပြုတော့မည်မဟုတ်ကြောင်း ကြေညာခဲ့သည်ဟု New Straits Times သတင်းတွင် ဖော်ပြခဲ့သည်။

ထို့ကြောင့် ရွှေ့ပြောင်းလုပ်သား ၃၀၀၀၀ ကျော်သည် နောက်ဆုံးရက်သတ်မှတ်ချိန်ကို လွဲချော်ဖွယ်ရှိပြီး မလေးရှားနိုင်ငံ၏ ကွာလာလမ်ပူလေဆိပ်တွင် ရွှေ့ပြောင်းလုပ်သားများဖြင့် ပြည့်နှက်နေခဲ့ကြောင်း CNA သတင်းဌာနက ဖော်ပြခဲ့သည်။

မလေးရှားအစိုးရသည် ၂၀၂၅ ခုနှစ်အထိ မလေးရှား၏ လုပ်သားအင်အားစုစုပေါင်းတွင် ပြည်ပလုပ်သားအင်အားပမာဏကို ၁၅ ရာခိုင်နှုန်းသာ ကန့်သတ်ခဲ့သည်။ 

ယခုနှစ် မတ် ၁၅ ရက်အထိ မလေးရှားနိုင်ငံတွင် ပြည်ပလုပ်သားပေါင်း ၂ ဒသမ ၁၇ သန်းအထိ ရှိကြောင်း မလေးရှား လူဝင်မှုကြီးကြပ်ရေးဌာန၏ မှတ်တမ်းများအရ သိရသည်။

Most Read

Most Recent