ဓာတ်ဆီတစ်လီတာ ကျပ် ၆၀ ကျဆင်း၊ ၉၂ တစ်လီတာ ကျပ် ၂၅၆၅ သို့ ပြန်လည်ရောက်ရှိ

ဓာတ်ဆီတစ်လီတာ ကျပ် ၆၀ ကျဆင်း၊ ၉၂ တစ်လီတာ ကျပ် ၂၅၆၅ သို့ ပြန်လည်ရောက်ရှိ
Published 31 May 2024

ဓာတ်ဆီတစ်လီတာ ကျပ် ၆၀ ကျဆင်းပြီး ၉၂ တစ်လီတာ ကျပ် ၂၅၆၅ သို့ ပြန်လည်ရောက်ရှိလာသည်ဟု စက်သုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက ထုတ်ပြန်သည်။

မေ ၃၁ ရက်တွင် စက်သုံးဆီစျေးနှုန်းများမှာ ၉၂ တစ်လီတာ ကျပ် ၂၅၆၅၊ ၉၅ တစ်လီတာ ကျပ် ၂၆၆၅၊ ပရီမီယံဒီဇယ်တစ်လီတာ ကျပ် ၂၃၈၀၊ ရိုးရိုးဒီဇယ်တစ်လီတာ ကျပ်၂၃၃၀ ဖြစ်သည်။

ယခင်ရက်ပိုင်းက စျေးနှုန်းနှင့် နှိုင်းယှဉ်ပါက ၉၂ နှင့် ၉၅ စျေးနှုန်းများမှာ တစ်လီတာ ကျပ် ၆၀ ပြန်လည်ကျဆင်းခဲ့ပြီး ဒီဇယ်ဆီစျေးနှုန်းမှာမူ တစ်လီတာ ငါးကျပ်သာ ကျဆင်းခဲ့ခြင်းဖြစ်သည်။

စက်သုံးဆီအရောင်းဆိုင်များသို့ သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချခြင်း၊ သတ်မှတ်အရည်အသွေးနှင့်အခြင်အတွယ် ကိုက်ညီမှုနှင့် ထုတ်ပြန်ထားသော သတ်မှတ်ချက်များနှင့်အညီ လိုက်နာခြင်းရှိ/မရှိများကို ရှောင်တခင်ဝင်ရောက်စစ်ဆေးလျက်ရှိကြောင်းနှင့် လိုအပ်သည့်အရေးယူမှုများကိုလည်း ဆောင်ရွက်မည်ဖြစ်ကြောင်း စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီထံမှ သိရသည်။

Most Read

Most Recent